နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခန္တီးမြို့နယ်ရှိ နန်စီပွန်နယ်မြေရဲစခန်းအား KIA အဖွဲ့က ဝင်ရောက်တိုက်ခိုက် ရဲတပ်ဖွဲ့ဝင် ၃ ဦးဒဏ်ရာရရှိကာ တပ်ဖွဲ့ဝင်အချို့ပျောက်ဆုံး

ခန္တီး၊  မေ ၂၃

မေ ၂၂ ရက် နံနက် ၄ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်ရှိ နန်စီပွန်နယ်မြေရဲစခန်းအား KIAအဖွဲ့ က ရဲစခန်း၏ရှေ့မျက်နှာစာ၊ ဝဲ/ယာနှင့် နောက်ကျောတို့မှ သာလွန်အင်အား အသုံးပြုကာ လေးဘက်လေးတန် ဝန်းရံပိတ်ဆို့၍ လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် လာရောက်စီးနင်း တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များမှ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ နံနက် ၅ နာရီခွဲအချိန်တွင် ပြန်လည် ဆုတ်ခွာသွားခဲ့သည်။  တိုက်ပွဲဖြစ်ပွား စဉ်အတွင်း ရဲတပ်ဖွဲ့ဝင် ၃ ဦးတွင် ကျည် ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်အချို့ ပျောက်ဆုံးလျက်ရှိ ကြောင်း သိရသည်။

ပျောက် ဆုံး လျက် ရှိ သော ရဲတပ်ဖွဲ့ဝင်များ ပြန်လည်ရှာဖွေတွေ့ ရှိနိုင်ရေးနှင့် နန်စီပွန်နယ်မြေရဲစခန်း အား သာလွန်အင်အား အသုံးပြုကာ လာရောက်  စီးနင်းတိုက်ခိုက်ခဲ့သည့် KIA အဖွဲ့အား ပိတ်ဆို့ချေမှုန်းနိုင်ရေး တို့အတွက်  တပ်မတော်စစ်ကြောင်း များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။  
     ဆွေဦး






အခြားဆက်စပ်သတင်းများ