နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကုန်သေတ္တာတင်ယာဉ်တိုက် လမ်းဘေးရပ်ယာဉ်ငယ်လေးစီး ပျက်စီး

ရန်ကုန်၊  မေ  ၁၉


၂၀၂၀ ပြည့်နှစ် မေ ၁၈ ရက် ည ၈ နာရီ ၅၀ မိနစ်အချိန် ကမ်းနားလမ်းဟောင်းအတိုင်း အနောက်မှအရှေ့သို့‌ မောင်းနှင်လာသော နီဆန်းအမျိုးအစား ၁၈ ဘီး ကုန်သေတ္တာတင်လာသော နောက်တွဲယာဉ် BGO 3B/---- သည် ဝါးတန်းလမ်းကမ်းနားအ‌ကွေ့အ‌ရောက် အရှိန်လွန်ကာ တစ်ဘက်ယာဉ်ကြောသို့ရောက်ရှိပြီး လမ်းမတော် မြို့နယ်၊ (၂)ရပ်ကွက်၊ (၅)လမ်းထိပ်ရှိ လမ်း‌ဘေးတွင်ရပ်နားထားသော ယာဉ်ငယ်လေးစီးနှင့် တိုက်အမှတ် (၆၁၀) ၏‌ ထောင့်စွန်းတို့ကိုပါ ထိခိုက်တိုက်မိသွားသည်။ ဟိုက်ဂျက်ပုံးကားငယ် 1F/---- ပြားချပ်သွားသည်။ တိုယိုတာအိမ်စီးကား 3F/----မှာ ရှေ့ပိုင်းပွင့်ပျက်စီးသွားသည်။ ပရိုဘောက်(အနက်)ယာဉ် 6E/----မှာ ကားကြီးခေါင်းအောက် ကား‌ခေါင်းဝင်ရောက်ပျက်စီးမှုရှိသွားသည်။ လမ်းအတွင်း လမ်းထိပ်ရပ်ထား‌သော ပရိုဘောက်အငှားယာဉ်DD/----မှာလည်း ရှေ့ပိုင်းပျက်စီးသွားသည်ကို တွေ့ရစဉ်။


(မိုးပွင့်သူ)






အခြားဆက်စပ်သတင်းများ