နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ကိုင်အကြမ်းဖက်အဖွဲ့က ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်

ဒီးမော့ဆို၊  မေ ၂၂

မေ ၂၁ ရက်၊ နံနက် ၉ နာရီ ၁၀ မိနစ်တွင် ကယားပြည်နယ်၊ ဒီးမော့ဆို မြို့နယ်အတွင်း၌ လုံခြုံရေးတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရား ဥပဒေစိုးမိုးရေးအတွက် လှည့်ကင်း ဆောင်ရွက်နေစဉ် ဒီးမော့ဆိုမြို့နယ်၊ ဒီးမော့ဆိုကျေးရွာအုပ်စု၊ မားနာပလော့ ကျေးရွာအထွက်သို့ အရောက်၌လမ်း၏ ဝဲ/ယာတို့မှ လက်နက်ကိုင်အကြမ်းဖက် သူအင်အား ၂၀ ဦးခန့်က လက်နက်ငယ် များ၊ တူမီးသေနတ်များ၊ လက်လုပ်ဗုံး၊ လက်ပစ်ဗုံးများဖြင့် ဝိုင်းဝန်းပိတ်ဆို့ အကြမ်းဖက်တိုက်ခိုက်ခဲ့သဖြင့်ထိတွေ့ မှုဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ က ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ ၉ နာရီခွဲ ခန့်တွင်   လက်နက်ကိုင်အကြမ်းဖက်သူ များမှာ ပြန်လည်ဆုတ်ခွာထွက်ပြေး သွားခဲ့သည်။

 အထက်ပါ ထိတွေ့မှုဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးကျဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လုံခြုံရေး တပ်ဖွဲ့သုံး မော်တော်ယာဉ် ၃ စီးတို့တွင် လက်နက်ငယ်ကျည်ထိမှန် ပျက်စီးခဲ့ ကြောင်း သိရသည်။

အကြမ်းဖက်အဖွဲ့များ ဆုတ်ခွာရာ နောက်သို့ လိုက်လံစစ်ဆေးစဉ်မားနာ ပလော့ကျေးရွာ၏ အရှေ့မြောက်ဘက် လယ်ကွင်းအနီး၌ ၁၂ ဗို့ရာဘာကျည် ထိမှန်ဒဏ်ရာဖြင့် သေဆုံးလျက်ရှိ သော အလောင်းတစ်လောင်းအား တူမီးသေနတ် ၂ လက်၊ လက်လုပ် သေနတ်တစ်လက်တို့နှင့်အတူ တွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၂ ဦး အား ဖမ်းဆီးထိန်းသိမ်း နိုင်ခဲ့သည်။                            ဆွေဦး






အခြားဆက်စပ်သတင်းများ