နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွှေကူမြို့၌ ကုန်တင်ရေယာဉ်အား လက်နက်ကိုင် အဖွဲ့က ပစ်ခတ်တိုက်ခိုက် တပ်ဖွဲ့ဝင် ၂ ဦးနှင့် ရေယာဉ်ဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရ

ရွှေကူ၊   မေ ၂၂

မေ ၂၁ ရက်၊ နံနက် ၅ နာရီ ၃၅ မိနစ်အချိန်တွင် ပြည်တွင်းရေကြောင်းပိုင် “ပိတောက်”ကုန်တင်ရေယာဉ်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် မှ ဧရာဝတီမြစ်ကြောင်းအတိုင်း မောင်းနှင်ထွက်ခွာလာခဲ့ရာ နံနက် ၁၁ နာရီအချိန်တွင် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ မင်းကျောင်းကုန်းကျေးရွာ အကျော်သို့အရောက်၌ လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့က မြစ်ကမ်းပါးပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ယာဉ်ပေါ်တွင်လုံခြုံရေးလိုက်ပါ‌ဆောင်ရွက်သည့် တပ်ဖွဲ့ဝင်များက ပြန်လည်ခုခံ ပစ်ခတ်ခဲ့ရာ နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန်တွင် ထိတွေ့ပစ်ခတ်မှုပြီးဆုံးသွားခဲ့ပြီး ပစ်ခတ်မှုဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးနှင့် ရေယာဉ်ဝန်ထမ်းတစ်ဦး တို့ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။                                     ဆွေဦး






အခြားဆက်စပ်သတင်းများ