နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘားအံမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား သောင်းကျန်းသူများက လက်နက်ကြီးဖြင့်ပစ်ခတ် မော်တော်ယာဉ်တစ်စီးမီးလောင် တပ်ဖွဲ့ဝင် ၂ ဦးဒဏ်ရာရ

ဘားအံ   မေ ၂၀

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ကိုင် သောင်းကျန်းသူများက လက်နက်ကြီးဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်မှုကြောင့် မော်တော်ယာဉ်တစ်စီးမီးလောင်ပျက်စီး ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေ ၁၈ ရက်၊ ည ၁၀ နာရီ ၅၅ မိနစ်ခန့်တွင် ဘားအံမြို့နယ်၊ ဝါးဘိုးတောကျေးရွာရှိ စစ်ဆေးရေးဂိတ်၌ လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ကိုင်သောင်းကျန်းသူများက အဆိုပါ ဂိတ်၏ အနောက်တောင်ဘက် ကိုက် ၂၀၀ ခန့်အကွာရှိ ရော်ဘာ တောအတွင်းမှ ၄၀ မမဗုံးသီး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ရာ ဂိတ်အနီးရပ်တန့်ထားသော 6J/xxxx Honda Fit ယာဉ်ပေါ်သို့ ကျရောက်ပေါက်ကွဲမီးလောင်ခဲ့ပြီး မော်တော်ယာဉ်ပေါ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်အရာရှိတစ်ဦး ကိုင်ဆောင်‌သော ခြောက်လုံးပြူးတစ်လက်၊ ၎င်းကျည် ၆ တောင့်နှင့် မော်တော်ယာဉ်တို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးတွင် ခြေသလုံး၊ ဖနောင့်တို့တွင် ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့သဖြင့် ဆေးဝါးကုသမှု ခံယူနိုင်ရေး တပ်မတော်ဆေးရုံသို့ ပို့ဆောင်ထားရှိခဲ့သည်။      
ဆွေဦး






အခြားဆက်စပ်သတင်းများ