ရန်ကုန် မေ ၁၉
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၇ ရက်၊ မွန်းလွဲ ၁ နာရီ မိနစ် ၂၀ တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အမှတ်(၂၉) ရပ်ကွက်၊ ပင်လုံလမ်းမကြီးနှင့် ဗိုလ် ဇင်ယော်လမ်းထောင့်အနီးတွင် မသင်္ကာ ဖွယ်တွေ့ရှိသူ မဖြိုးအိအိဝင်းကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၁၃၀၊ အိုက်စ် သုည ဒသမ ၀၀၀၆ ကီလိုတို့ကိုလည်းကောင်း မွန်းလွဲ ၁၂ နာရီခွဲတွင် ဖားကန့် မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု ယူမာ ကျေးရွာအနီးတွင် စိုးသီဟဟိန်း မောင်းနှင်ပြီး သန်းထွဋ်ဝင်းလိုက်ပါ လာသည့် AD Van အမျိုးအစားယာဉ် ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ဘိန်းဖြူ ၁ ဒသမ ၉၈ ကီလိုကို လည်းကောင်း၊ မေ ၁၈ ရက်၊ နံနက် ၆ နာရီတွင် ပုသိမ်ကြီးမြို့နယ် မန္တလေး-ပြင်ဦးလွင်သွားကားလမ်း ကျောက်ချောကျေးရွာ ၁၆ မိုင် စစ်ဆေးရေးစခန်း၌ ခရီးသည်တင် ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၉၅၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သည်။
၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်းသိရသည်။
ဆွေဦး