ပေါက်ခေါင်း မေ ၁၉
မေ ၁၇ ရက်၊ နံနက် ၄ နာရီ ၂၅ မိနစ်ခန့်တွင် ပေါက်ခေါင်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံး၌ မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များကသွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ၅ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် အလျား ၄၀ ပေ၊ အနံ ၃၀ ပေရှိ သွပ်မိုး၊ အုတ်ကာ တစ်ထပ်ပညာရေးမှူးရုံး အဆောက်အဦ တစ်လုံး၊ ရုံးအတွင်းရှိ စာရွက်စာတမ်းများ၊ ရုံးအသုံးအဆောင်ပစ္စည်းများ မီးလောင် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ အဆိုပါရုံး၏ ညစောင့်ဖြစ်သူ ဦးရန်နောင်ဝင်း (ခ) အငယ်လေး (၃၃)နှစ် (ဘ) ဦးတင်ဝင်းနှင့် ၎င်း၏ဇနီးဖြစ်သူတို့ ရုံးဝင်းအတွင်းရှိ အဆောင်၌ အိပ်ပျော်နေစဉ် ရုံး၏အနောက်ဘက်မှ ပုလင်းကွဲသံ များကြားရသဖြင့် သွားရောက်ကြည့်ရှုခဲ့ရာ အဆိုပါရုံးမီးလောင်ကျွမ်းနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။ ဆွေဦး