နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြောင်းမဲ့ဝင်ရောက် သတ်ဖြတ်၊ တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သူများဖမ်းဆီး

စဉ့်ကိုင်   မေ ၁၉

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်ရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့စက်ရုံ၌ လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား မေ ၅ ရက်တွင် အကြမ်းဖက်သူများက အကြောင်းမဲ့ဝင်ရောက် အကြမ်းဖက်ရန်ပြုတိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ ကျဆုံးခဲ့သည့်သတင်းအား ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်သည့် အကြမ်းဖက်သူများအား အမြန်ဆုံး ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိရာ မေ ၁၅ ရက်တွင် ကျူးလွန်သူများ အနက်မှ ဇင်မျိုးထွေး (ခ)မျိုးဇော်(ခ)ထွေလာဂျီအား Top Myanmar ပီနံအိတ်စက်ရုံ၌ လည်းကောင်း၊ မေ ၁၆ ရက်တွင် ကျော်ဇင်လတ်(ခ)ကျော်ငွေ (ခ)ဇင်လတ်၊ ဖြိုးမောက်၊ ဇော်ပိုင်မွေး၊ ဂျစ်တူး၊ စန်းထူးဝေ(ခ)ဖိုးတရုတ်၊ ထွန်းကို၊ ကျော်စိုးဝင်း(ခ) ကုလားကြီး၊ မောင်ထိုက်တို့အား ၎င်းတို့၏ နေအိမ် များ အသီးသီး၌ လည်းကောင်းဖမ်းဆီး ထိန်းသိမ်းရမိခဲ့ သည်။

အဆိုပါ ဖမ်းဆီးရမိသူများအား တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် ထွက်ပြေးလွတ်မြောက် နေသည့် ဦးဆောင်သူများနှင့် အကြမ်းဖက်သူများအား ဥပဒေနှင့် အညီ ဖမ်းဆီးရမိ အရေးယူနိုင်ရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော ပိတ်ဆို့စစ်ဆေး ရှာဖွေမှု များ ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။  
ဆွေဦး






အခြားဆက်စပ်သတင်းများ