နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၌ ငွေကျပ်သိန်း ၅၉၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

မိုင်းဆတ် မေ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၌ ငွေကျပ်သိန်း ၅၉၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ ခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၆ ရက်၊ ညနေ ၅ နာရီခွဲတွင်မိုင်းဆတ်မြို့နယ် မိုင်းတွမ်း- ပူနားကို-ပုံတပ် သွားကားလမ်း၊ ပူနားကိုရေအားလျှပ်စစ်စက်ရုံအနီး၌ ရှာဖွေစစ် ဆေးမှုများဆောင်ရွက်နေစဉ် ပုံတပ်မှ ပူနားကိုသို့ မောင်းနှင်လာ သည့်ယာဉ်သည် စစ်ဆေးသည့်နေရာသို့မရောက်မီ နောက်လှည့် မောင်းနှင်ထွက်ပြေးသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရပ်တန့်ရန် သတိပေးပစ်ခတ်တားဆီးသော်လည်း ဆက်လက်မောင်းနှင် ထွက်ပြေး၍ လိုက်လံပိတ်ဆို့ဖမ်းဆီးခဲ့ရာ ပူနားကို ရေအား လျှပ်စစ်စက်ရုံ၏ တောင်ဘက်တစ်မိုင်ခန့်အကွာ တောစပ် ၌ ယာဉ်အားရပ်တန့်၍ ယာဉ်ပေါ်ပါသူများမှာ လျှိုအတွင်းသို့ ထွက်ပြေးသွားသဖြင့် ယာဉ်အားရှာဖွေရာ ဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၅၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁,၁၉၂,၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိ ပြီး ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်လျက် ရှိကြောင်း သိရသည်။                                                      ဆွေဦး






အခြားဆက်စပ်သတင်းများ