မန္တလေး မေ ၁၇
မေ ၁၅ ရက် ညနေ ၄ နာရီခွဲခန့်တွင် ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးအနီး လမ်းပေါ်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များမှ သွားရောက်စစ်ဆေးခဲ့ရာ ဦးပွားခုံးကျော် တံတားအတိုင်း အောင်မြေသာစံမြို့နယ်၊မြောက်ပြင်အကွက်(၃၆)၊ ဆရာစံဈေး မြောက်ပေါက်နေ မြတ်မင်းဦး(ဘ) ဦးသစ်တင်ဦး မောင်းနှင်ပြီး ဘခက်(စိစစ်ဆဲ)စီးနင်းလာသော ဆိုင်ကယ်သည် အဖျက်အမှောင့် လုပ်ငန်းပြုလုပ်ရန်အတွက် လက်လုပ်မိုင်းတစ်လုံးအား သိုဝှက်ယူ ဆောင်ခဲ့ပြီး မောင်းနှင်လာစဉ် အဆိုပါ နေရာအရောက်လက်လုပ် မိုင်းမှာ ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဘခက်၏ ဝဲဒူးတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ထွက်ပြေးသွားခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူ မြတ်မင်းဦးကို ဖမ်းဆီးရမိခဲ့သည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဖမ်းဆီးရမိသူ မြတ် မင်းဦး၏နေအိမ်အားဝင်ရောက်ရှာဖွေခဲ့ရာ ၎င်း၏နေအိမ်အတွင်း မှ ဓာတ်ခဲ ၄ လုံး၊ ဆိုင်ကယ် Batteryအိုး ၂ လုံး၊ အချိုရည် ဘူးဖြင့် ပြုလုပ်ထားသော စနက်တံပါ လက်လုပ်မိုင်း ၈ လုံး၊ Keypad ဖုန်းအဟောင်း ၄ လုံး၊ Tablet ဖုန်းအဟောင်း ၆ လုံး၊ ဝါယာကြိုးအပိုင်းအစများ၊ စားပွဲတင်နာရီတစ်လုံး၊ Laptop တစ်လုံး နှင့် နိုင်ငံတော်ဆန့်ကျင်ရေးစာသားပါ ဗီနိုင်း တစ်ခုတို့အား သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ၏ ထုတ်ပြန်ချက်အရ သိရသည်။ ဆွေဦး