နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သီရိလင်္ကာနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် လူ ၄ ဦးသေဆုံး၊ ၄၂,၀၀၀ ကျော် ရေဘေးသင့်

ကိုလံဘို၊ မေ ၁၇

ဘင်္ဂလားပင်လယ်အော်တွင် ကြီးမားသော ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ် ခြင်းကြောင့် သီရိလင်္ကာနိုင်ငံ၌ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှု ဖြစ်ပေါ်ခဲ့ကာ အနည်းဆုံးလူ ၄ ဦး သေဆုံးကာ လူပေါင်း ၄၂,ဝ၀ဝ ကျော်မှာ ဘေးသင့်ခဲ့ကြောင်း သီရိလင်္ကာနိုင်ငံ ဘေးအန္တရာယ်စီမံခန့်ခွဲမှုစင်တာ(DMC)၏ ရာသီဥတုအခြေအနေ နောက်ဆုံးထုတ်ပြန်ချက်သတင်းတွင် ဖော်ပြထားသည်။

အဆိုပါသေဆုံးမှုများသည် ဆိုးရွားသောရေကြီးရေလျှံမှုများကြောင့်ဖြစ်ပြီး လူနေအိမ် အလုံး၂၀ဝ ကျော် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကာ ရေဘေးဒဏ်သင့် အိမ်ထောင်စုများကို ယာယီရွက်ဖျဉ်တဲများတွင် နေရာချထားခဲ့ကြောင်းသိရသည်။ သီရိလင်္ကာနိုင်ငံစစ်တပ်က ရေကြီးရေလျှံမှုဒဏ်ခံစားရသည့် ပြည်နယ်အများအပြား သို့ ကယ်ဆယ်ရေးအဖွဲ့များစေလွှတ်ခဲ့ပြီး ရေကြီးရေလျှံမှုများကြောင့် ပိတ်မိနေသော ပြည်သူများအား ကယ်ဆယ်ခဲ့ကြောင်းသိရသည်။

ဘေးအန္တရာယ်စီမံခန့်ခွဲမှုစင်တာမှ တာဝန်ရှိသူများကို အဆိုးရွားဆုံး ထိခိုက် ခံစားရသည့် ခရိုင်များတွင်နေရာချထားပြီး ဆိုးရွားသောရာသီဥတု အခြေအနေ ကြောင့် အိုးအိမ်စွန့်ခွာတိမ်းရှောင်နေရသူများကိုထားရှိရန် အဆောက်အအုံ များ တည်ဆောက်ပေးခဲ့ကြောင်းသိရသည်။ ရာသီဥတုအစီရင်ခံချက်များအရ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် အားကောင်းသော ဆိုက်ကလုန်း မုန်တိုင်းသည် ယခုအခါ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ်သို့ဦးတည်နေကြောင်းနှင့် လာမည့်ရက်များတွင် သီရိလင်္ကာနိုင်ငံ၌ မိုးပိုမိုရွာသွန်းနိုင်ခြေရှိပြီး လူတိုင်း သတိပြုကြရန် တိုက်တွန်းထားသည်။                                ရဲခေါင် (ref; Reuters)






အခြားဆက်စပ်သတင်းများ