နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုးရာသီတွင် လမ်းများ၌ ရေစီးရေလာကောင်းရန်နှင့် ရေဝပ်မှုမရှိရန် ကြိုတင်ဆောင်ရွက်

ရန်ကုန်၊ မေ ၁၇

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် မေ ၁၆ ရက်၊ နံနက် ၈ နာရီအချိန်၌ အမှတ်(၁၀) ရပ်ကွက်၊ အနော်ရထာလမ်းမကြီး တစ်လျှောက် ရေစီးရေလာကောင်းမွန်ရန်နှင့် ရေဝပ်မှုမရှိစေရန် ဗိုလ်တထောင်မြို့နယ်စည်ပင်သာယာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေးဝန်ထမ်းများက ရေနုတ်မြောင်းများနှင့် ရေဆင်း‌ မြောင်းများရှိ အမှိုက်များနှင့် မြေကြီးများကို ဆယ်ယူဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်မှုမှာ သိမ်ဖြူလမ်းနှင့် ဗိုလ်မြတ်ထွန်းလမ်းရှိ ပေ ၈၅၀ အရှည်ကို ဆောင်ရွက်ခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ လမ်းမကြီးများကို အဓိကထား၍ ဆောင်ရွက်ပေးလျက်ရှိရာ မိုးရာသီ မတိုင်မီ မေလကုန်တွင် အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ရေစီးရေလာကောင်းမွန်ခြင်းကြောင့် မိုးရာသီတွင် ခြင်ပေါက်ပွားမှု မရှိဘဲ သွေးလွန်တုပ်ကွေးရောဂါကို ကြိုတင်ကာကွယ်နိုင်ပြီး ပြည်သူများအား ကျန်းမာရေးအထောက်အကူပြုကြောင်း မြို့နယ် စည်ပင်သာယာမှ သိရသည်။
သိန်းသိန်း(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ