နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မီးပွိုင့်အသစ် တပ်ဆင်ထားရှိ ယာဉ်မောင်းနှင်ရာတွင် သတိပြုရန်လိုအပ်

ရန်ကုန်၊ မေ ၁၇

ရန်ကုန်မြို့အတွင်း မော်တော်ယာဉ်မောင်းနှင်နေသောသူ များအား အထူးသတိပေးချက်တစ်ခုအနေဖြင့် မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းဘက်ရှိ  စွယ်တော်ဘုရားဝင်ပေါက်နှင့် ထွက်ပေါက်ကို မီးပွိုင့်တပ်ဆင်လိုက်ပြီဖြစ်သဖြင့် အထူးသတိပြု မောင်းနှင်ကြရန်နှင့် ယာဉ်အန္တရာယ်မဖြစ်စေရေး ဂရုပြုမောင်းနှင် ကြရန် နှိုးဆော်ထားသည်။
ကမ္ဘာအေးဘုရားလမ်းမှ ရှစ်မိုင်မီးပွိုင့်အဆင်းကွေ့ကြောဖြစ် သည့်အတွက် ယာဉ်အန္တရာယ်ဖြစ်ပေါ်စေနိုင်ပြီး အရှိန်လျှော့မောင်းနှင် ရန် လိုအပ်သည်။

၈မိုင်ကုန်းပေါ်မှဆင်းလျှင် မီးပွိုင့်၌ ယာဉ်ကြော သုံးကြောရှိရာ အလယ်ကြောနှင့် အောက်ကြောမှာ free way ဖြစ်ပြီး အပေါ်ကြောမှာ စွယ်တော်ဘုရားဘက်သို့ ကွေ့ဝင်ရန် မီးပွိုင့်နှင့် သက်ဆိုင်သော ယာဉ်ကြောဖြစ်သည်။

ထို့ကြောင့်ယင်းနေရာမှာမောင်းနှင်မည်ဆိုပါက အရှိန်လျှော့၍ ဂရုတစိုက် မောင်းနှင်ကြပါရန် အသိပေးအပ်ပါသည်။ ပွိုင့်စတင် အသုံးပြုသည့် မေလ ၁၅ရက်တွင် ယာဉ်တိုက်မူ သုံးကြိမ်အထိရှိခဲ့ ကြောင်း တာဝန်ကျယာဉ်ထိန်းက ပြောသည်။
မောင်မောင်






အခြားဆက်စပ်သတင်းများ