နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနေသည့်အတွက် ရောဂါလက္ခဏာတွေ့သည်နှင့် စောစီးစွာကာကွယ်ရန် သတိပေးထုတ်ပြန်

ရန်ကုန်၊ မေ ၁၇

COVID-19 နောက်ထပ်လှိုင်းတစ်လှိုင်းအဖြစ် ပြင်းထန်စွာ ပြန့်ပွားမှုမရှိစေရေးနှင့် မျိုးဗီဇပြောင်းလဲနေသော COVID-19 ရောဂါပိုး များ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်၍ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရန် ရောဂါကာကွယ်ရေးနည်းလမ်းများကို မဖြစ်မနေလိုက်နာ ရန်လိုအပ်ကြောင်း ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာနမှ           မေ ၁၅ ရက်တွင် ထုတ်ပြန်သည်။

သို့ဖြစ်ပါ၍ ကိုဗစ်-၁၉ ကာကွယ်ရေးများဖြစ်သည့် အိမ်အပြင် ထွက်လျှင် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင် ခြင်းနှင့် လူအများနှင့် ထိတွေ့ဆက်ဆံရပါက Face Shield ကို တွဲဖက် တပ်ဆင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင် ခြင်း၊ လူစုလူဝေးရှောင်ခြင်း၊ လက်ကို စက္ကန့် ၂၀ ကြာ မကြာခဏ စနစ်တကျ  ဆေးကြောခြင်းတို့  ဆောင်ရွက်ရမည်ဖြစ်ကြောင်း တိုက်တွန်းထားသည်။
ထို့ပြင် အိမ်အပြင်ထွက်လေ့ရှိသူများအနေဖြင့် နေအိမ်တွင် အသက် (၆၀) နှစ်အထက် အသက်အရွယ်ကြီးသူများ၊ ဆီးချို၊ သွေးတိုးနှင့် နှလုံးအစရှိသည့် နာတာရှည်ရောဂါအခံရှိသူများနှင့် အနီးကပ်နေထိုင်ခြင်းနှင့် အတူစားသောက်ခြင်းတို့မှ ရှောင်ကြဉ်ရန် လိုအပ်ကြောင်းသိရသည်။ ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူ ကျပ်ခြင်း၊  အားအင်ကုန်ခမ်းခြင်း၊ ရုတ်တရက် အနံ့အရသာပျောက်ဆုံး ခြင်း လက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာကုသမှုခံယူရန် လိုအပ်ကြောင်း အသိပေးနှိုးဆော်ထားသည်။
မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ