ဝိုင်းမော် မေ ၁၆
ဝိုင်းမော်မြို့နယ်၌ ငွေကျပ်သိန်း ၇၆၀ တန်ဖိုးရှိ ဘိန်းဖြူများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၄ ရက် ညနေ ၄ နာရီတွင် ဝိုင်းမော်မြို့နယ် ဝိုင်းမော်-မြစ်ကြီးနားသွားကားလမ်း ရွှေညောင်ပင်ကျေးရွာအနီးတွင် သတင်းအရ စောင့်ဆိုင်းနေစဉ် ထွယ်လီနှင့် အောင်ဒီးမိုင်တို့ စီးနင်းလာသည့် ဆိုင်ကယ်နှင့် ဇော်အိန် မောင်းနှင်ပြီး မရစ်လယမ်လိုက်ပါလာသည့် ယာဉ်တို့ကို ရှာဖွေရာ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၇၆၀ တန်ဖိုးရှိ ဘိန်းဖြူ ၃ ဒသမ ၈ ကီလို သိမ်းဆည်းရမိခဲ့ကြောင်းစစ်ဆေးပေါ်ပေါက် ချက်အရသိမ်းဆည်းရမိသော ဘိန်းဖြူများအား ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်မှ ကချင်ပြည်နယ် ဖားကန့်မြို့နယ် သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရသဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ အရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ ဆွေဦး