နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖလော်ရီဒါရေတပ်အခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့သည့် ဆော်ဒီစစ်သင်တန်းသားက အယ်လ်ကေးဒါးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်

မေ  ၁၉၊  ဝါရှင်တန်

၂၀၁၉ ခုနှစ် ဒီဇင်ဘာလက အမေရိကန်ရေတပ်အခြေစိုက်စခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဆော်ဒီ လေတပ်အရာရှိမှာ တိုက်ခိုက်မှုလုပ်ရန် အာရပ်ကျွန်းဆွယ် အယ်လ်ကေးဒါးအဖွဲ့(AQAP) နှင့် ပူးပေါင်းလုပ်ဆောင် ခဲ့သည်ဟု အမေရိကန်အရာရှိများက ပြောသည်။

အကြမ်းဖက်အဖွဲ့နှင့် ဆက်နွှယ်နေခြင်းကို သေနတ်သမား၏ ဖုန်းမှတစ်ဆင့် ဖော်ထုတ်နိုင်ခဲ့ခြင်းဟု FBI နှင့် အမေရိကန်တရားရေးဝန်ကြီးဌာနက ပြောသည်။

ဖလော်ရီဒါပြည်နယ် ပင်ဆာကိုလာရေတပ်အခြေစိုက်စခန်း တိုက်ခိုက်ခံရမှုတွင် အမေရိကန်သင်္ဘောသား သုံးဦး သေဆုံးခဲ့ပြီး လူ ရှစ်ဦး ဒဏ်ရာရခဲ့သည်။

သေနတ်သမား၏ ဖုန်းကို လော့ခ်ဖွင့်ပေးရန် Apple ကုမ္ပဏီက ငြင်းဆန်ခဲ့၍ အာဏာပိုင်များက ဖုန်းကိုလော့ခ်ဖွင့်ရန် လနှင့်ချီ၍ အချိန်ယူခဲ့ရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် သေနတ်သမားနှင့်အတူ ရေတပ်အခြေစိုက်စခန်းတွင် ပညာသင်နေသည့် ဆော်ဒီစစ်သင်တန်းသား ၂၁ ဦး ထုတ်ပယ် ခံခဲ့ရသည်။

အဆိုပါတိုက်ခိုက်မှုတွင် သေနတ်သမားက လူ ၁၁ ဦးကို ပစ်ခတ်ခဲ့ပြီးနောက် အာဏာပိုင် များက ယင်းကို အသေဖမ်းဆီးခဲ့သည်။

သေနတ်သမားမှာ သုံးနှစ်ကြာမြင့်သည့် ပျံသန်းရေးသင်တန်းတက်ရန် အမေရိကန် ရေတပ်စခန်းကို ရောက် မလာမီကတည်းက အစွန်းရောက်ဝါဒဖြစ်ခဲ့ခြင်းဟု FBI က ပြောသည်။ ဖုန်းမှတ်တမ်းများအရ သေနတ်သမား မှာ အယ်လ်ကေးဒါးအဖွဲ့ခွဲတစ်ခုဖြစ်သည့် AQAP အဖွဲ့နှင့်အဆက်အသွယ်မပြတ်ရှိခဲ့ပြီး အထူးစစ်ဆင်ရေး လုပ်မည့် အစီအစဉ်များကိုလည်း ဆွေးနွေးခဲ့သည်ဟု တွေ့ရသည်။              

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ