နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖရိက၏ သက်တမ်းအကြာဆုံး အမျိုးသား ဥယျာဉ်ကို ကာကွယ်ပေးရန် မင်းသား လီယိုနာဒို ပါဝင်လှုပ်ရှား

မေ  ၁၉၊  ကင်ရှာဆာ

ပြီးခဲ့သည့်လက တိုက်ခိုက်ခံခဲ့ရသည့် အာဖရိကတိုက်၏ သက်တမ်းအကြာဆုံး ဘေးမဲ့တောကို ထောက်ပံ့ ပေးရန် လှုပ်ရှားမှုတွင် ဟောလိဝုဒ်သရုပ်ဆောင်မင်းသား လီယိုနာဒိုဒီကာပရီယိုး ပူးပေါင်းပါဝင်ခဲ့သည်။

ကွန်ဂိုနိုင်ငံရှိ ဗီရန်ဂါအမျိုးသားဥယျာဉ်မှာ ကမ္ဘာလှည့်ခရီးသွားများကြား ရေပန်းစားသည့် နေရာတစ်ခုဖြစ်ပြီး မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်ရှိနေသည့် တောင်ပေါ်လူဝံအများအပြားရှိခြင်းကြောင့် ကျော်ကြားသည်။

ပြီးခဲ့သည့်ဧပြီလတွင် ရဝမ်ဒါလက်နက်ကိုင်အဖွဲ့ဟု ယူဆရသည့်အဖွဲ့က ချုံခိုတိုက်ခိုက်ခဲ့ရာ ဥယျာဉ် အစောင့်အကြပ် ၁၂ ဦး သေဆုံးခဲ့သည်။

ယခုအခါတွင် ဗီရန်ဂါဥယျာဉ်ကို ထောက်ပံ့ပေးရန် ရည်ရွယ်သည့် ရန်ပုံငွေသစ်တစ်ရပ်ကို လီယိုနာဒိုက ထည့်ဝင်လှူဒါန်းခဲ့သည်။ လီယိုနာဒို ပူးတွဲတည်ထောင်သည့် Earth Alliance အဖွဲ့မှာ ကနဦးမတည်ငွေ ၂ သန်း ထည့်ဝင်မည့်အနက် တချို့တဝက် လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။

လီယိုနာဒိုသည် ၂၀၁၄ ခုနှစ်က အော်စကာဆု ဆန်ခါတင်စာရင်းဝင်ခဲ့သည့် ဗီရန်ဂါအမျိုးသား ဥယျာဉ် မှတ်တမ်း ရုပ်ရှင်ကို ထုတ်လုပ်ခဲ့သူဖြစ်သည်။                       

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ