နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စမ်းသပ်ထိုးနှံခဲ့သည့် ကာကွယ်ဆေးတစ်မျိုးက ကိုရိုနာဗိုင်းရပ်စ်ကို အာနိသင်မဲ့သွားစေသည့် ပဋိပစ္စည်း ထုတ်လုပ်ပေးနိုင်

မေ ၁၉၊  ဝါရှင်တန်

စမ်းသပ်ထိုးနှံခဲ့သည့် ကာကွယ်ဆေးတစ်မျိုးမှာ ကိုရိုနာဗိုင်းရပ်စ်ကို တွန်းလှန်တိုက်ခိုက်နိုင်စေရန် လူများ၏ ကိုယ်ခံအားစနစ်ကို လေ့ကျင့်ပေးနိုင်သည်ဟု အမေရိကန်ကုမ္ပဏီတစ်ခုက ဖော်ပြသည်။

ကာကွယ်ဆေး ထိုးနှံမှုအစီအစဉ်တွင် ပထမဆုံး ပါဝင်ခဲ့သူ ၈ ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ကို အာနိသင်မဲ့သွားအောင် လုပ်ပေးနိုင်သည့် ပဋိပစ္စည်းများထွက်လာကြောင်း တွေ့ရသည်ဟု မိုဒါနာ(Moderna)ကုမ္ပဏီက ပြောသည်။ ယင်းတို့၏ ကိုယ်ခံအားတုံ့ပြန်မှုမှာ COVID-19 ရောဂါ အမှန်တကယ်ကူးစက်ခံရသူများ၏ ကိုယ်ခံအားတုံ့ပြန်မှု အတိုင်းဖြစ်သည်ဟု ဆိုသည်။

Moderna ကာကွယ်ဆေးက ရောဂါကူးစက်မှုကို အမှန်တကယ် ကာကွယ်ပေးနိုင်ခြင်း ရှိ/မရှိ သိရရန် ပိုကြီးမားသည့် စမ်းသပ်ထိုးနှံမှုများကို လာမည့်ဇူလိုင်လတွင် ပြုလုပ်ဖွယ်ရှိနေသည်။

ကမ္ဘာတစ်လွှားမှ အဖွဲ့ ၈၀ မှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ဖော်ထုတ်နိုင်ရန် မကြုံစဖူး အမြန်နှုန်းမျိုးဖြင့် တက်သုတ်ရိုက် ကြိုးပမ်းနေသည်။

မိုဒါနာကုမ္ပဏီမှာ mRNA-1273 ဟုခေါ်သည့် စမ်းသပ်ကာကွယ်ဆေးကို လူများတွင် ပထမဆုံး စမ်းသပ်ထိုးနှံပေးသည့် ဆေးဝါးကုမ္ပဏီဖြစ်သည်။

အဆိုပါကာကွယ်ဆေးမှာ ကိုရိုနာဗိုင်းရပ်စ်၏ မျိုးဗီဇကုဒ် အပိုင်းအစတစ်ခုဖြစ်သော်လည်း ရောဂါကူးစက် နိုင်စွမ်း၊ ရောဂါလက္ခဏာ ခံစားရနိုင်စွမ်းမရှိပေ။

သို့သော် ကိုယ်ခံအားစနစ်ကို တုံ့ပြန်လှုပ်ရှားလာအောင် လှုပ်နှိုးနိုင်စွမ်းရှိသည်။ ကာကွယ်ဆေး စမ်းသပ်ထိုးနှံမှုတွင် ပါဝင်ခဲ့သူများကို ဆေးပမာဏ အမျိုးမျိုး ထိုးနှံပေးခဲ့ပြီး ဆေးပမာဏများလေလေ ဘေးထွက်ဆိုးကျိုး များလေလေဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

ကာကွယ်ဆေးပမာဏ အနည်းဆုံးထိုးနှံပေးသူများမှာလည်း COVID-19 ရောဂါ သက်သာပျောက်ကင်းလာသူများတွင် တွေ့ရသည့် ပဋိပစ္စည်းပမာဏနီးပါး ထွက်ကြောင်း တွေ့ရသည်။                  

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ