နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လိပ်သိုဒေသထွက် ကော်ဖီစေ့များ အထွက်နှုန်းကောင်းသော်လည်း စျေးကောင်းရနိုင်ရန် မျှော်မှန်း

လိပ်သို    မေ  ၁၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသသည် တောင်ပေါ် ဒေသဖြစ်ပြီး အဓိက စီးပွားရေး လုပ်ငန်းအနေဖြင့် ဥယျာဉ်ခြံလုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက်ရှိရာ စီးပွားရေးလုပ်ငန်းအရ သီးနှံ များစွာရှိသည့်အတွက် နှစ်ရှည်သီးနှံပင်ဖြစ်သော ကော်ဖီစိုက်ပျိုး ထုတ်လုပ်ရေးလုပ်ငန်းကို တိုးချဲ့ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

လိပ်သိုဒေသအတွင်းရှိ ကော်ဖီပင်များသည် ရှေးဘိုးဘွား လက်ထက်ကတည်းက စိုက်ပျိုးလာခဲ့ကြသော်လည်း ကော်ဖီ အထွက်နှုန်းတိုးတက်လာရန် စိုက်ပျိုးရေးဦးစီးဌာနနှင့် ကော်ဖီ နည်းပညာဌာနတို့က မျိုးကောင်းမျိုးသန့်ရွေးချယ်မှု၊ စိုက်နည်း စနစ်၊ ဆွတ်ခူးပုံ မှန်ကန်ရန်အတွက် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ကော်ဖီအထွက်နှုန်း တိုးတက်ခဲ့သော်လည်း ယခုနှစ် တွင် စျေးကွက် မရရှိခြင်း ကြောင့် ကော်ဖီထုတ်လုပ် ရောင်းချသူများ က ၀ယ်လက်များသို့ ကော်ဖီစေ့ တစ်ပိဿာလျှင် ကျပ် ၃၀၀ဝစျေးနှုန်း ဖြင့် ရောင်းချရကြောင်း သိရသည်။

ယခုနောက်ပိုင်း လိပ်သိုဒေသအတွင်း၌ တစ်ပိုင်တစ်နိုင် ကော်ဖီမှုန့်ပြုလုပ်သူများပြားလာခြင်း၊ မြို့တွင်း ထုတ်လုပ်သည့် ကော်ဖီမှုန့်များကို  ဒေသတွင်း သောက်သုံးသူ များပြား လာခြင်းနှင့် ဒေသထွက် လက်ဆောင်အဖြစ် ပေးပို့သူ များပြားလာခြင်းတို့ကြောင့်  တစ်ပိုင်တစ်နိုင် ဥယျာဉ်ခြံစိုက်ပျိုးသူများက ကုန်းမြင့်ကော်ဖီ (ARABICA) နှင့် အခြား ကော်ဖီ အမျိုးအစားများကို စိုက်ပျိုးကြကြောင်း သိရသည်။                                               နွယ်နွယ်ခိုင် (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ