နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
WHO က တရုတ်ရုပ်သေးရုပ်ဖြစ်နေသည်ဟု ဒေါ်နယ်ထရမ့် ဝေဖန်

မေ ၁၉၊  ဝါရှင်တန်


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO)မှာ တရုတ်နိုင်ငံ ကြိုးဆွဲရာကနေရသည့် ရုပ်သေးရုပ်ဖြစ်နေသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စွပ်စွဲခဲ့ပြီး ရန်ပုံငွေထောက်ပံ့မှုအစီအစဉ်မှ ရာသက်ပန် နုတ်ထွက်သွားမည် ဟု ခြိမ်းခြောက်ခဲ့သည်။ 


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်အကြီးအကဲထံပေးပို့ခဲ့သည့်စာတွင် WHO အနေဖြင့် ရက် ၃၀ အတွင်း တိုးတက်မှု အထိုက်အလျောက်ရရှိအောင် မစွမ်းဆောင်နိုင်ပါက ရန်ပုံငွေ ဒေါ်လာသန်းပေါင်းများစွာ ဆုံးရှုံးရမည့်အပြင် အမေရိကန်နိုင်ငံကလည်း အဖွဲ့ဝင်နိုင်ငံအဖြစ်မှ နုတ်ထွက်မည်ဟု ဖော်ပြထားသည်။


ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ပျံ့နှံ့ခဲ့ပြီးနောက် WHO ၏ လုပ်ဆောင်မှုအဆင့်များကို ဒေါ်နယ်ထရမ့်က ဝေဖန်ခဲ့သည်။ ယခုနှစ်နှောင်းပိုင်းတွင် တစ်ကျော့ပြန် ရွေးကောက်ပွဲဝင်မည့် ဒေါ်နယ်ထရမ့်ကိုယ်တိုင်မှာလည်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို ကိုင်တွယ်ဖြေရှင်းပုံနှင့် ပတ်သက်၍ ဝေဖန်ခံနေရသည်။ လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄ ဒသမ ၈ သန်းကျော်ရှိနေသည့်အနက် အမေရိကန်နိုင်ငံတွင် ကူးစက်ခံရသူ ၁ ဒသမ ၅ သန်းအထိရှိပြီး သေဆုံးသူ ၉၀၀၀၀ ကျော် ရှိနေသည်။ ပြီးခဲ့သည့်တနင်္လာနေ့တွင် WHO ညွှန်ကြားရေးမှူးချုပ် ဂီဘရီယီဆက်က ကပ်ရောဂါနှင့်ပတ်သက်၍ WHO ၏ ကိုင်တွယ်ဖြေရှင်းမှုကို ပြန်လည်သုံးသပ်ရန် ထောက်ခံထားသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ