မိုးမိတ် မေ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်မြို့နယ်၌ ငွေကျပ် သိန်း ၇၂၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများသိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် မေ ၁၃ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် မိုးမိတ်မြို့နယ် မိုးမိတ်-တွင်းငယ်သွားကားလမ်းဆုံ၌ မိုးကုတ်မှ မိုးမိတ်သို့ စိုင်းလှအောင် မောင်းနှင်ပြီး ဆန်းလွင်မိုးနှင့် လအောင်လိုက်ပါလာသည့် ယာဉ်ကို ရှာဖွေရာ ကာလတန်ဖိုး ငွေကျပ်သိန်း ၇၂၀ တန်ဖိုးရှိ ဘိန်းဖြူ ၄ဒသမ ၄ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀ သိမ်းဆည်းရမိခဲ့ ကြောင်း၊ စစ်ဆေးပေါ်ပေါက်ချက်များအရ သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများမှာ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့ နယ်မှ ကချင်ပြည်နယ် ဗန်းမော်မြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ် ကြောင်း သိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထား ရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း သိရသည်။
ဆွေဦး