နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား သိမ်းဆည်းရမိ

နေပြည်တော် မေ ၁၅

မေ ၁၃ ရက်၊  မွန်းလွဲ ၂ နာရီအချိန်တွင် မန္တလေးတိုင်းဒေသ ကြီး၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ကျေးရွာအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် များသည် ရပ်ရွာအေးချမ်းသာယာရေးအတွက် လှည့်ကင်း ဆောင်ရွက်နေစဉ် အဆိုပါကျေးရွာနေ ဇော်ထက်(၃၃)နှစ်(ဘ) ဦးစံမြင့်ပါ အမျိုးသား ၃ ဦးအား လက်လုပ်မိုင်းတစ်လုံးစီနှင့် အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ထွက်ဆိုချက်အရ ညနေ ၄ နာရီအချိန်တွင် ကျေးရွာ၏မြောက်ဘက် ရေဝန်းဘုန်းကြီး ကျောင်းဝင်းအတွင်းမှ တူမီးသေနတ် ၆ လက်၊ လက်လုပ်သေနတ် ၄ လက်၊ Icon စကားပြောစက် ၃ လုံး၊ ကျွဲရိုင်းသံဘူးဖြင့် ပြုလုပ် ထားသည့် လက်လုပ်မိုင်း ၁၀ လုံး၊ ချိန်ကိုက်မိုင်း ၂ လုံး အပါ အဝင် အကြမ်းဖက်မှုပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများအားလည်းကောင်း၊ ညနေ ၅ နာရီ ၄၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ တာမွေကြီး က+ဂရပ်ကွက် နေ ဇာနည်ဝင်း(ခ)ဇာနည် (၂၀)နှစ် (ဘ)ဦးအောင်ထွဋ်၏ အိမ်အတွင်း မှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့်ပစ္စည်းများအား လည်းကောင်း၊ ည ၉ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ကံကွေ့ကျေးရွာနေ မိုးဟိန်းထက် (၃၅)နှစ်(ဘ)ဦးဝင်းရှိန်၏ နေအိမ်အတွင်းမှ လက်လုပ်လေသေနတ်တစ်လက် တို့အားလည်ကောင်း၊ ည ၁၁ နာရီခွဲအချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ရာဇဓိရာဇ် လမ်းသွယ်(၁)နေ စည်သူအောင်(၃၃)နှစ်(ဘ)ဦးကိုကြီးနှင့် ဇော်မျိုး ထက် (၂၇)နှစ်(ဘ)ဦးကျင်အုန်းတို့ ၂ ဦးတို့အား ဆူပူအကြမ်းဖက် ရာတွင် အသုံးပြုသည့် ပစ္စည်းများအားလည်းကောင်း အသီးသီး တွေ့ရှိ ဖမ်းဆီး ထိန်းသိမ်းရမိခဲ့ကြောင်း သိရသည်။             
  ဆွေဦး






အခြားဆက်စပ်သတင်းများ