ဆော မေ ၁၄
မေ ၁၃ ရက်တွင် မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၌ အကြမ်းဖက်သူများက မီးရှို့ဖျက်ဆီး၍ မော်တော်ယာဉ်တစ်စီး မီးလောင်ပျက်စီးကာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့သေဆုံး ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၁၃ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်အချိန်တွင် ဆောမြို့နယ်၊ သစ်တောစခန်းအနီး ဆိပ်ဖြူ-ကဇွန်းမ-ဆောသွား ကားလမ်း မိုင်တိုင်အမှတ် ၅၁ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံ ကြားတွင် အကြမ်းဖက်သူများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် မော်တော်ယာဉ် ၁ စီး မီးလောင်ကျွမ်းလျက်ရှိကြောင်းသိရသဖြင့် လုံခြုံရေးတပ် ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ ဆိပ်ဖြူမြို့မှ ဆောမြို့ဘက်သို့ ဘိလပ်မြေအိတ်များ တင်ဆောင် မောင်းနှင်လာသည့် MDY H/9866 Canter အဖြူရောင် ၆ ဘီး ယာဉ်၏ ကားခေါင်းပိုင်း မီးလောင်ကျွမ်းကာ ယာဉ်မောင်းဖြစ်သူ ဆိပ်ဖြူ မြို့နယ်၊ အနောက်ပိုင်းရပ်ကွက်နေ ဦးဖိုးချို(စိစစ်ဆဲ) သည် မီးလောင်ကျွမ်းသေဆုံးနေသည် ကိုတွေ့ရှိ ရပြီး ကားရှေ့ဘီးဘေး မြေပြင်ပေါ်၌ ယာဉ်နောက် လိုက်ဖြစ်သူ ဦးထွန်းလွင်စိုး(စိစစ်ဆဲ)သည် ဦးခေါင်း နောက်စေ့ပေါက်ပြဲကြေမွဒဏ်ရာ၊ ဦးနှောက်ထွက်၊ ခန္ဓာကိုယ်မီးလောင်ဒဏ်ရာများဖြင့် သေဆုံးလျက်ရှိသည်ကို တွေ့ရှိ ခဲ့ရသဖြင့် တရားခံများ ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ဆွေဦး