နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကင်းမြို့နယ်ရှိ “ပို့ပို့”အာမခံစိန်ရွှေရတနာ ဆိုင်အား ခြောက်လှန့်လုယက်ခဲ့သည့် ပြစ်မှုကျူးလွန်သူများ ဖော်ထုတ်ဖမ်းဆီး

ရန်ကုန် မေ ၁၄

မေ ၉ ရက်နေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် ရန်ကင်းမြို့နယ်၊ (၁၂)ရပ်ကွက်ရှိ “ပို့ပို” အာမခံစိန်ရွှေရတနာဆိုင် အား အမျိုးသား ၃ ဦး(စိစစ်ဆဲ)မှ အဖြူရောင် မော်တော်ယာဉ်တစ် စီးဖြင့်ရောက်ရှိလာပြီး ဆိုင်အတွင်းရှိ အရောင်းဝန်ထမ်းအမျိုးသမီး ၃ ဦးအား ပစ္စတိုဟုယူဆရသည့် သေနတ်ဖြင့်ချိန်ရွယ်ကာ ရေချိုးခန်း အတွင်းထည့်၍ ပိတ်လှောင်ထားခဲ့ပြီး အဆိုပါဆိုင်အတွင်းမှ ရွှေထည်ပစ္စည်းမျိုးစုံ ၁ ပိဿာ ၃၀ ကျပ်သားခန့်နှင့် ကောင်တာ စားပွဲအတွင်းမှ ငွေကျပ်သိန်း ၄၀ တို့ လုယက်ယူဆောင်သွားခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တရားခံများ အမြန်ဆုံးဖမ်းဆီး ရမိရေး ဆောင်ရွက်ရာ မေ ၁၂ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ (ဇ)မြောက်ရပ်ကွက်၊ အမှတ်(၉၄)နေ ညီညီလွင်(ခ) အငယ်ကောင်၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ ယင်းနှင့်အတူ ဖြိုးဝေလင်း(ခ) ကိုဂျက်တို့ ၂ ဦးကိုတွေ့ရှိ ဖမ်းဆီးရမိ ခဲ့ပြီး နေအိမ်အိပ်ခန်းအတွင်းမှ ရွှေထည်ပစ္စည်းမျိုးစုံ ၁ ပိဿာ ၂၇ ကျပ်သား ၁၁ ပဲ ၅ ရွေး၊ ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ယင်းကျည် ၅၀ တောင့်၊ သေနတ်တိုက်တံ ၁ ချောင်းနှင့် ဆူပူအကြမ်းဖက်မှု လုပ်ရပ်များတွင် အသုံးပြုသည့် လက်လုပ်ဗုံး ၁ လုံး၊ Handspeaker ၁ ခု၊ ဓာတ်ငွေ့ကာမျက်မှန် ၂ လက်နှင့် အခြားဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

သတင်းဆက်အရ ဖြိုးဝေလင်း(ခ) ကိုဂျက်၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ တစ်ရပ်ကွက်တည်းနေ ထူးဝေအောင်(ခ) တင်ထူးအောင် (၂၉)နှစ် (ဘ) ဦးလှအောင်ပါ အမျိုးသား ၄ ဦးအား ဆူပူအကြမ်းဖက် အဖျက်အမှောင့် လုပ်ရပ်များတွင် အသုံးပြုသည့် ဒီတိုနေတာ ၃ ခု၊ ယူရီးယား ဓာတ်မြေဩဇာ ၁ ပြည်ခန့်၊ စကားပြောစက် ၂ လုံး၊ အခြားဆက်စပ် ပစ္စည်းများနှင့်အတူ ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။                                      ဆွေဦး






အခြားဆက်စပ်သတင်းများ