နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ညမထွက်ရအမိန့် ဖောက်ဖျက်ကျူးလွန်သူ ၁၀ဝ ဦးကို ရှမ်းပြည်နယ်တွင် ထောင်ဒဏ် ၃ လစီ အမိန့်ချမှတ်

တောင်ကြီး  မေ  ၁၉


ရှမ်းပြည်နယ်တွင် COVID-19 ကာလအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ထားသော်လည်း မလိုက်နာ ခြင်းကြောင့် ဖောက်ဖျက်ကျူးလွန်သူ  ၁၀ဝ ဦးကိုထောင်ဒဏ်  ၃ လစီ အမိန့်ချမှတ်လိုက်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက ပြောသည်။


အဆိုပါ ညမထွက်ရအမိန့် ဖောက်ဖျက်ကျူးလွန်သူများက တောင်ကြီးမြို့နယ်မှ အမျိုးသား ၄၄ ဦး၊ အမျိုးသမီး ၁၀ ဦး၊ လင်းခေးမြို့နယ်မှ အမျိုးသားတစ်ဦး၊ လားရှိုးမြို့နယ်မှ အမျိုးသား ၅ ဦး၊ ကျောက်မဲ မြို့နယ်မှ အမျိုးသားတစ်ဦး၊ ကျိုင်းတုံမြို့နယ်မှ အမျိုးသား ၂၃ ဦး၊ တာချီလိတ်မြို့နယ်မှ အမျိုးသား ၁၆ ဦး တို့ဖြစ်ကြောင်း သိရသည်။


ရှမ်းပြည်နယ်တွင် ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို ဧပြီ ၂၀ ရက်က စတင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး၊ ထို့နောက် မေ ၁၅ ရက်မှစတင်၍ ညမထွက်ရအမိန့်ကို ည ၁၂ နာရီမှ နံနက် ၄ နာရီသို့ အချိန်ပြောင်းရွှေ့ထားကြောင်း သိရသည်။


COVID-19 ကာလအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ထားခြင်းကြောင့် မှုခင်းသိသိသာသာလျော့ကျလာ ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက ပြောသည်။


ထို့အပြင် COVID-19 ကာလတွင် ရဲတပ်ဖွဲ့ဝင်များ အဆင်ပြေစေရန် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ပြည်နယ် ရဲမှူးချုပ် တင်ကိုကိုကတပ်ဖွဲ့ဝင်များကို မေ ၁၆ ရက်က ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ သန္တိသုခဓမ္မာရုံ၌ အခြေခံစားသောက်ကုန် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


COVID-19 ကာလ၌ ရဲတပ်ဖွဲ့ဝင်မိသားစုများ အိမ်ပြင်ထွက် ဈေးဝယ်ထွက်ရခြင်း သက်သာစေရန် စီမံဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ ရဲတပ်ဖွဲ့ဝင်အားလုံး၊ အရာရှိ၊ တပ်သားခွဲခြားမှုမရှိဘဲ တန်းတူ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး၊ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ဆန် ၈ ပြည်၊ ကြက်သွန်နီတစ်ပိဿာ၊ ဆီတစ်ပိဿာ၊ ဘဲဥ  ၁၀ လုံးနှင့် ဆပ်ပြာ တန်ဖိုးကျပ် ၁၇၀ဝ၀ ကျော်ဖိုး၊ စုစုပေါင်းကျပ် ၅၁ သိန်းဖိုး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။                                                      


မြင့်မြတ်အောင်မြင်






အခြားဆက်စပ်သတင်းများ