ရန်ကုန် မေ ၁၃
မေ ၁၁ ရက်က လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ ရန်ကုန်-ညောင်တုန်းလမ်း(စုပေါင်းရုံးလမ်း) မြို့နယ် ပြည်တွင်းအခွန်ဦးစီးမှူး ရုံးဝင်းအတွင်းတွင် ဂျပန်စက်ဘီး(အမျိုးသမီးစီး)ရှေ့ခြင်းထဲတွင် အပေါ်မှကန်စွန်းရွက်၊ နှင်းဆီပန်း၊၎င်းအောက်တွင် ငါးထုပ်၊ အောက် ဆုံးတွင်ကြွပ်ကြွပ်အိတ် အမဲဖြင့် ထုတ်ထားသည့်အထုပ်တို့တွေ့ရှိ သဖြင့် ၅ နာရီတွင်စိစစ်ရာ True အမျိုးအစား Ooredoo ဆင်းကတ်ပါ ကီးပက်ဖုန်းနှင့်တွဲလျက် ( ၈x၆x၄)လက်မခန့်ရှိယမ်းထည့်ထား သည့်အဖြူရောင်ဘူးနှင့် ဒီတိုနေတာနှင့်ဆက်သွယ်ထားသည့် အဝေးထိန်းလက်လုပ်မိုင်း တစ်လုံးတွေ့ရှိသဖြင့် အဆိုပါ မိုင်းအားလုံခြုံရေး တပ်ဖွဲ့ဝင်များက ၅ နာရီ ၁၅ မိနစ်တွင်သက်မဲ့ဆောင်ရွက်ပြီး အဆိုပါ မိုင်းအားတပ်က သိမ်းဆည်း၍ စက်ဘီးအားရဲစခန်းမှ သိမ်းဆည်း သွားကြောင်းသိရသည်။ မိုးမြင့်မောင်