နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိ

နေပြည်တော် မေ ၁၃

မေ  ၁၁  ရက်၊  ညနေ  ၃ နာရီအချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ ဟိုနားရပ်ကွက်နေ ဟိန်းအောင်ဆက်(၂၀)နှစ်နှင့် ဈေးရပ်ကွက်နေ ရဲသုဝေလင်း (ခ)ရာသာဝေလု (၁၈)နှစ်တို့ နှစ်ဦးအား ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ပြောပြချက်အရ ဟိုနား ရပ်ကွက်၊ အမှတ်(ဟ-၁၇/၅၄၅)ရှိ ဆရာစော၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းအား မတွေ့ရှိရဘဲ မီးဖိုဆောင် မျက်နှာကြက်ပေါ်မှ M-22 သေနတ် နှစ်လက်၊ ၎င်းကျည်အိမ် နှစ်ခုနှင့် သံဘီရိုအတွင်းမှ ကြွပ်ကြွပ်အိတ်အနက်ရောင်ဖြင့် ထည့်ထားသည့် ကြိုးဆွဲလက်ပစ်ဗုံး ၄ လုံးအားလည်းကောင်း၊ ခြံဝင်းအတွင်းရှိ အိမ်သာအနီးမှ M-22 သေနတ် ၃ လက်၊  ၎င်းကျည်အိမ်  ၃  ခု၊ ၇ ဒသမ ၆၂ ကျည် ၃၁၅ တောင့်အား လည်းကောင်း၊ အိမ်သာကျင်းဟောင်းအတွင်းမှ အဝါရောင် ပီနံအိတ်ဖြင့်ထည့်ထားသော ကြိုးဆွဲလက်ပစ်ဗုံး ၁၂ လုံး တို့အား လည်းကောင်း၊ ဟင်္သာတမြို့နယ်၊ ယုနန်သလင်းအခြေခံပညာ အထက်တန်းကျောင်းရှေ့၌ မျိုးမင်းပိုင်(ခ)ငမျိုး(ဘ) ဦးဝင်းတင်၊ ငြိမ်းချမ်း (ဘ)ဦးထွန်းမြင့်တို့အား ဆူပူအကြမ်းဖက်မှုတွင် အသုံးပြု သည့်ပစ္စည်းများနှင့်လည်းကောင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၁၈ လမ်းနှင့် ၇၁ လမ်းထောင့်၌ ဆူပူအကြမ်းဖက်သူများအနက်မှ အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၁၁ ဦးတို့အား လက်လုပ်သေနတ် ၃ လက်၊ လက်လုပ်မိုင်း ၂ လုံး၊ မီးပုလင်း ၂ ပုလင်း၊ အခြား ဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ ည ၁၁ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့ရှိ (၃)ရပ်ကွက်၊ ဒေါနတောင်လမ်းဘောလုံးကွင်းအနီး၌ အိမ်မဲမြို့နယ်၊ တာကောကျေးရွာနေ ကျော်ဇင်လတ်(၃၆)နှစ် (ဘ)ဦးအုန်းညွန့် မောင်းနှင်ပြီး အိမ်မဲမြို့၊ အထက်ပိုင်း (၁၁)လမ်းနေ တင်ကိုကို (၁၉)နှစ် (ဘ)ဦးသန်းထွေး လိုက်ပါစီးနင်းလာသော ဆိုင်ကယ် အား စစ်ဆေးရန်တားဆီးစဉ် ရပ်တန့်ပေးခြင်းမရှိဘဲ မောင်းနှင် ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ထံမှ ငွေရောင်ပစ္စတိုသေနတ် ၁ လက်နှင့် ၉ မမကျည် ၁၂ တောင့်တို့အားလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ထိန်းသိမ်း စစ်ဆေးလျက်ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထုတ်ပြန်ချက်အရ သိရသည်။                                           ဆွေဦး






အခြားဆက်စပ်သတင်းများ