နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပုပ္ပားဒေသထွက် စိန်တစ်လုံးသရက်များထွက်ရှိချိန် ဈေးနှုန်းကျဆင်းခြင်းကြောင့် ခြံပိုင်ရှင်များ တွက်ခြေမကိုက်ဖြစ်နေ

ကျောက်ပန်းတောင်း မေ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်း မြို့နယ်ပုပ္ပားဒေသထွက် စိန်တစ်လုံးသရက်များလှိုင်လှိုင်ထွက်ရှိချိန် ဈေးနှုန်းကျဆင်းနေခြင်းကြောင့် စိန်တစ်လုံးသရက်စိုက်ခြံ ပိုင်ရှင်များ တွက်ခြေမကိုက်ဖြစ်နေကြောင်း ကျောက်ခွက်ကျေးရွာ စိန်တစ်လုံးသရက်ပိုင်ရှင် ဦးနေဝင်းထံမှသိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်မကြီးပတ်ဝန်းကျင် ကျေးရွာများသည် စိန်တစ်လုံးသရက်အား စီးပွားဖြစ်စိုက်ပျိုးကြသည့်ကျေးရွာများဖြစ်ကြကာ ယခုနှစ်စိန်တစ်လုံးသရက်အသီးများ ကြောင်းသိရပြီး စိန်တစ်လုံးသရက်မှည့်ချိန် အောက်ဈေးဖြင့် ရောင်းချနေရကြောင်းသိရသည်။ ယခုနှစ် ကိုဗစ်- ၁၉ကူးစက်ရောဂါ ဖြင့်ကြုံတွေ့နေသည့်နှစ်ဖြစ်ခဲ့ရာ  စိန်တစ်လုံးသရက်ပွဲစားများ လာရောက်ဝယ်ယူမှု မရှိခြင်းကြောင့် စိန်တစ်လုံးသရက်ဈေးကွက် အရှုံးနှင့်ရင်ဆိုင်နေရကြောင်း နဂါးလည်ကျေးရွာ စိန်တစ်လုံးစိုက်တောင်သူဒေါ်စန်းစန်းမြင့်ကပြောကြား၍သိရသည်။စိန်တစ်လုံး သရက်ပေါ်ချိန် မော်တော်ကားအခက်အခဲနှင့် ပွဲစားများလာရောက် ဝယ်ယူမှုမရှိသလောက်ဖြစ်နေပြီးကုန်စည်စီးဆင်းမှုပြတ် တောက်သည့် အခြေအနေများက စိန်တစ်လုံးသရက်ခြံစိုက်တောင် သူများကို အထိနာစေကြောင်း၊ပုပ္ပားတောင်ပတ်ဝန်းကျင်ဒေသ တွင် သရက်အမျိုးမျိုးရှိကြသော်လည်း စိန်တစ်လုံးသရက်တစ်မျိူးတည်းသာခြံဖြင့် စိုက်ကြခြင်းဖြစ်ကြောင်း စိန်တစ်လုံးသရက်ခြံများမသီးသည့်နှစ်တွင် တစ်နှစ်ဆုံးရှုံးသလို သီးသည့်နှစ်တွင်လည်း ဈေးကွက်ပျက်ပါကအရှုံးနှင့် ရင်ဆိုင်ရကြောင်း ဦးအောင်ဝင်းက ရှင်းပြသည်။

ပုပ္ပားဒေသထွက်စိန်တစ်လုံးသရက်များသည် အရည်အသွေး ကောင်းမွန်ခြင်းကြောင့် နှစ်တိုင်းဈေးကွက် အသာစီးဖြင့် ရောင်းချခဲ့ရသော်လည်း ယခုနှစ်ကိုဗစ်-၁၉ ကူးစက် ရောဂါကြောင့် စိန်တစ်လုံးသရက်ခြံပိုင်ရှင်များ အထိနာသည့်နှစ်တစ်နှစ်ဖြစ်ကာ စိန်တစ်လုံးသရက်ဆယ်လုံးဈေးသုံးထောင်ကျပ်အများဆုံးဖြစ်နေပြီး ဆယ်လုံးဈေးနှစ်ထောင်ကျပ်ထိ ဖြစ်နေကြောင်း သတင်းစာ စက္ကူပတ်သည့်ခြံများသည် ဆယ်လုံးဈေးသုံးထောင်ကျပ်ရရှိနိုင်ကာ စက္ကူမပတ်ထားသည့်ခြံပိုင်ရှင်များ ဆယ်လုံးဈေးနှစ်ထောင်ကျပ်မှ တစ်ထောင့်ငါးရာကျပ်ထိ ဈေးနှုန်း ကျဆင်းနေကြောင်း သိရသည်။
ကိုထိန်၊ KPD






အခြားဆက်စပ်သတင်းများ