တမူး မေ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ ပေါက်ကွဲမှုဖြစ်ပွားခြင်းအား စစ်ဆေးရန်သွားရောက်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လက်နက် ကိုင်အကြမ်းဖက်သူများမှ လက်နက်ငယ်ဖြင့် ချောင်းမြောင်း ပစ်ခတ်ခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၁ ခုနှစ် မေလ ၉ ရက် ည ၉ နာရီအချိန်တွင် တမူးမြို့၊ ဈေးတန်း(၃)ရပ်ကွက်၊ အာရှလမ်းနေ ဦးကျော်ဌေးအောင် (၄၅)နှစ် (ဘ) ဦးလှဦး၏ ဒိုင်နမိုနှင့် ပန့်ပြင်ဆိုင်၌ ပေါက်ကွဲမှု ဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်ပူးပေါင်းအဖွဲ့က စစ်ဆေး ရန် သွားရောက်စဉ် ဈေးတန်း(၂)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ဧရာဝတီ ဘဏ်အနီးအရောက် လက်နက်ကိုင် အကြမ်းဖက်သူများမှ လက်နက်ငယ်ဖြင့် ချောင်းမြောင်းပစ်ခတ်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ လက်နက်ကိုင် အကြမ်း ဖက်သူများမှ လူစုကွဲ ထွက်ပြေးသွားခဲ့ပြီး ယင်းတို့၏ ချောင်းမြောင်း ပစ်ခတ်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သဖြင့် တပ်မတော်ဆေးခန်းသို့ ပို့ဆောင် ထားခဲ့ရသည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပေါက်ကွဲမှုဖြစ်ပွား သည့်နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ ဦးကျော်ဌေးအောင်၏ ဆိုင်အရှေ့၌ လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲထားပြီး ပေါက်ကွဲမှု ကြောင့် ဆိုင်အတွင်းရှိ ရေစုပ်စက်တစ်လုံး၊ ဆိုင်အတွင်းရပ်တန့် ထားသော ဆိုင်ကယ်တစ်စီးနှင့် စက်ဘီးတစ်စီးတို့တွင် အနည်းငယ် ပျက်စီးဆုံးရှုံးခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။
ဆွေဦး