နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တွံတေးမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များပျက်စီး

ရန်ကုန်၊ မေ ၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်း မေ ၆ ရက်၊ မွန်းလွဲ ၂ နာရီခွဲအချိန်မှစတင်ကာ ညနေ ၄ နာရီအထိ လေပြင်း တိုက်ခတ်မှုဖြစ်ပွားခဲ့သဖြင့် တွံတေးမြို့နယ်အတွင်းရှိ မင်းပိုင် ရပ်ကွက်တွင် အိမ် ၁၀ လုံး၊ ခလုပ်ကျေးရွာအုပ်စုတွင် ၂၁ လုံး၊ ရန်ကုန်ပါဒကျေးရွာအုပ်စုတွင် ၃ လုံး၊ ဂယက်လမီးကျေးရွာအုပ်စုရှိ ထော်ကူးကျေးရွာ အလယ်တန်းကျောင်းမှ ဝန်ထမ်းအိမ်ရာ (၁) ခုနှင့် ရန်ကုန်ပါဒကျေးရွာအုပ်စု၊ ရန်ကင်းကျေးရွာရှိ မူလတန်းကျောင်း (ရန်ကင်း) အမိုးလန်မှုဖြစ်ပွားခဲ့ပြီး မင်းပိုင်းရပ်ကွက်တွင် နေအိမ် ၂ လုံး၊ ခလုပ်ကျေးရွာအုပ်စုတွင် နေအိမ် ၃ လုံး ပြိုကျခဲ့ကြောင်း သိရ သည်။                                                                   မျိုးလှိုင်(တွံတေး)






အခြားဆက်စပ်သတင်းများ