နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုးဦးလေဦး သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းတွင် သဘာဝဘေးအဖြစ် များနေသော ကာလဖြစ်သည်။ လူ့ပယောဂကြောင့်ဖြစ်သော ဘေးများကို မဖြစ်ပေါ်အောင် တားဆီး၍ရကောင်းရမည်ဖြစ်သော် လည်း သဘာဝပယောဂကြောင့်ဖြစ်သော ဘေးများကိုတားဆီး၍ ရနိုင်မည် မဟုတ်ပေ။ သဘာဝပယောဂကြောင့်ဖြစ်သော ဘေး များအဖြစ်များလာပြီး ဘေးကြောင့် လူ့အသက်အိုး၊ အိမ်စည်းစိမ် များ အခြေခံအဆောက်အအုံနှင့် သဘာဝပတ်ဝန်းကျင်ကိုပျက်စီး ဆုံးရှုံးမှုများလည်း ပိုမိုများပြားလျက်ရှိသည်။ သဘာဝဘေး အန္တရာယ်သည် နိုင်ငံတစ်နိုင်ငံ၏ စဉ်ဆက်မပြတ်တိုးတက်ရေးကို အဟန့်အတားဖြစ်စေသည့် အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ ထို့ကြောင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများကို ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း တိုင်းဒေသကြီးမှ ပြည်နယ်ခရိုင်၊ မြို့နယ်အဆင့်အထိ စီမံခန့်ခွဲမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံအရပ်ရပ်တွင် မိုးကြိုကာလဖြစ်သည့် မေလမှ မြန်မာနိုင်ငံသို့ အနောက်တောင်မုတ်သုံလေ မဝင်ရောက်မီကာလ အတွင်း လေထုမငြိမ်မသက်မှုများကြောင့်လည်းကောင်း၊ နေ့ အပူချိန်များ တစ်ဖြည်းဖြည်းမြင့်တက်လာရာမှ အပူပျံတက်တိမ် များဖြစ်ထွန်း၍ မွန်းလွဲ ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ             ဖြစ်ထွန်းခြင်းကြောင့်လည်းကောင်း၊ လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကြား မိုးထစ်ချုန်းရွာခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း လေပြင်းတိုက်ခတ်စဉ် မြေပြင်၊ ရေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က အသိပေးထားသည်။

ရန်ကုန်မြို့တွင် မေ ၆ ရက်၊ မွန်းလွဲ ၂ နာရီကျော်အချိန် လေပြင်းတိုက်ခတ်မှုများကြောင့် နေအိမ်၊ အဆောက်အဦအချို့ ထိခိုက်ပျက်စီးမှုများရှိကြောင်းနှင့် သစ်ပင်များပြိုလဲမှုများဖြစ်ပေါ် ခဲ့သည်။ အလားတူ မေ ၅ ရက်၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သခွပ်ကုန်းကျေးရွာ၊ နတ်စင်ကုန်း ကျေးရွာ၊ တောဟိုင်ကျေးရွာနှင့် ကြုံကုန်းကျေးရွာများတွင် လူနေအိမ် ၅၇ လုံး  အမိုးလန်ပျက်စီးခြင်းနှင့်  နေအိမ်များ                ပြိုလဲပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ကြောင်း ယင်းကျေးရွာများသို့ ပြည်တပ်နယ်မှ နယ်မြေခံတပ်မတော်သားများက အပျက်အစီး များ ဖယ်ရှားရှင်းလင်းခြင်း၊ အမိုးများ ပြန်လည်ပြုပြင်ပေးခြင်း၊ လေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများကို ပြည်တပ်နယ်မှ တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။

ရန်ကုန်မြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ထွက်ရှိသော သစ်ကိုင်းသစ်ခက်များ အပျက်အစီးများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှဝန်ထမ်းများက သိမ်းဆည်းဆောင်ရွက်လျက် ရှိသည်။ သဘာဝဘေးအန္တရာယ်များအနက် မုန်တိုင်းနှင့် ဆူနာမီ ရေလှိုင်းတို့ကဲ့သို့ သဘာဝဘေးများကို ကြိုတင်ခန့်မှန်းတွက်ချက် နိုင်ပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှု နည်းနိုင်သမျှနည်းပါးအောင် ကာကွယ်နိုင်မည်ဖြစ်သည်။ သဘာဝဘေးလျော့ပါးရေးတွင် ရပ်ရွာ လူထုစွမ်းဆောင်ရည် မြှင့်တင်ရေးလုပ်ငန်းများကို ဘက်စုံကဏ္ဍစုံ မှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားစေချင်ကြောင်း။     ။






အခြားဆက်စပ်သတင်းများ