နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့တော်သတင်းစာတွင် ပြည်သူတို့၏ လူမှုဘဝ ကဏ္ဍအစုံစုံတို့ကို ဖော်ပြ၊ ပြန်ကြားပေးမည့် မြို့တော်အသံကဏ္ဍကို ဖွင့်လှစ်

ရန်ကုန် မေ ၇

မြို့တော်သတင်းစာအား ၂၀၂၁ ခုနှစ် မေလ ၁ ရက်နေ့မှစ၍ နေ့စဉ် ညနေခင်းသတင်းစာအဖြစ် ပြန်လည်ဆန်းသစ် ထုတ်ဝေလျက်ရှိရာ မြို့တော်နေပြည်သူတို့၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး စသည့် လူမှုဘဝကဏ္ဍပေါင်းစုံမှ ပြုပြင်ပေးစေလိုသောကိစ္စရပ်များ၊ လိုအပ်ချက်များ၊ ပြည်သူတို့၏ နစ်နာဆုံးရှုံးမှုများကို ဖော်ပြပေးနိုင် ရန်၊ မျှဝေပေးနိုင်ရန်နှင့် ဆွေးနွေးညှိနှိုင်း၊ အဖြေရှာ ပြန်ကြားပေးနိုင်ရန် တို့အတွက် မြို့တော်အသံကဏ္ဍကိုဖွင့်လှစ် သွားမည်ဖြစ်သဖြင့် ရေးသား ပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

မှတ်တမ်းဓာတ်ပုံများကိုလည်း ပူးတွဲပေးပို့နိုင်ပါသည်။ ရေးသားပေးပို့ရာတွင် အမည်၊ နေရပ်လိပ်စာ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ ကတ်ပြားမိတ္တူနှင့် ဆက်သွယ် ရမည့် ဖုန်းနံပါတ်တို့ကိုလည်း ပြည့်စုံစွာ ဖော်ပြပေးရန် အသိပေးအပ်ပါ သည်။ မြို့တော်သတင်းစာတိုက် ဖုန်း ၀၁-၅၀၃၆၂၆၊ Fax:01-503670၊ yangon citynews@gmail.com သို့ ပေးပို့နိုင်သည်။ (မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ