နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်တွင်း၌ ထောပတ်ပင်များကို ကိုင်းဆက်စိုက်ပျိုးလာကြခြင်းကြောင့် လာမည့်နှစ်များတွင် ထောပတ်သီးထွက်ရှိမှု ပိုမိုမြင့်မားလာနိုင်

ဟိုပုံး၊ မေ ၈

ပြည်တွင်း၌ ထောပတ်ပင်များကို ကိုင်းဆက်စိုက်ပျိုးလာကြခြင်း ကြောင့်  လာမည့်နှစ်များတွင် ထောပတ်သီးထွက်ရှိမှု ပိုမိုမြင့်မားလာနိုင် ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊  ဟိုပုံးမြို့နယ်ရှိထောပတ်သီး စိုက်ပျိုး ထုတ်လုပ်သူများထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ထောပတ်ပင်များကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဟိုပုံးဒေသတွင် အများဆုံးစိုက်ပျိုးပြီး ဧကနှစ်သောင်းကျော်ရှိကြောင်း၊ ထို့အတူ ထောပတ်ပင်များကို ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုး၊ ဟိုပုံး၊ နမ္မတူနှင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်၊ မိုးကုတ်စသည့် ဒေသများတွင်လည်း အများအပြား စိုက်ပျိုးကြကြောင်း သိရသည်။
ယခုနှစ်တွင် ပြည်တွင်းမှ ထောပတ်သီးတန်ချိန် ၅၀ဝ၀ ခန့် ထွက်ရှိ မည်ဟု ခန့်မှန်းထားပြီး ယခုအခါ ဒေသမျိုးစိုက်ပျိုးသော ထောပတ်ခြံ များတွင် နိုင်ငံခြားမျိုး ကိုင်းဆက်စိုက်ပျိုးခြင်းများ လုပ်ဆောင်လာခြင်း ကြောင့် လာမည့်နှစ်များတွင် ပြည်တွင်း၌ ထောပတ်သီးထွက်ရှိမှု ပိုမို မြင့်မားလာနိုင်ကြောင်း သိရသည်။

ပြည်တွင်း၌ စားသုံးမှု မြင့်မားလာခြင်းကြောင့် ထောပတ်သီးဈေးကွက် အလားအလာ ကောင်းမွန်လျက်ရှိပြီး ထိုသို့ထောပတ်သီးစားသုံးမှု မြင့်မား လာခြင်းကြောင့် တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ်လည်း ထုတ်လုပ်ရောင်းချ ရန် စီစဉ်လာကြကြောင်း သိရသည်။   
ထို့အပြင် ပြည်တွင်းမှ စိုက်ပျိုးထွက်ရှိသော ထောပတ်သီးများကို ကမ္ဘောဒီးယား၊ တရုတ်၊ စင်ကာပူ၊ အမေရိကန်နှင့် အခြားပြည်ပနိုင်ငံ တချို့ သို့လည်း ပုံမှန်တင်ပို့လျက်ရှိကြောင်း သိရသည်။
(မိုးယံထက်)






အခြားဆက်စပ်သတင်းများ