မိုင်းပျဉ်း မေ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းပျဉ်းမြို့နယ်နှင့် မန္တလေးတိုင်း ဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် သတင်းအရ မေ ၅ ရက် ညနေ ၄ နာရီခန့်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းပျဉ်းမြို့နယ် မိုင်းပျဉ်း-ကျိုင်းတုံသွားကားလမ်း ခမ်းပေါ့ကျေးရွာ ခမ်းပေါ့စစ်ဆေးရေးစခန်းတွင် နန်ကျောက် မောင်းနှင်လာသည့် ဆိုင်ကယ်အားရှာဖွေရာ ကာလဒေသတန်ဖိုး ငွေကျပ်သိန်း ၁၈၀၀ ရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀၀၀၀ သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေး ပေါ်ပေါက်ချက်အရ သိမ်းဆည်း ရမိသော စိတ်ကြွရူးသွပ်ဆေးပြားများကို မိုင်းပျဉ်းမြို့နယ်မှ ကျိုင်းတုံမြို့နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်း ဖြစ်ကြောင်း သိရ သည်။
အလားတူ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မေ ၇ ရက် နံနက် ၉ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ကျွဲဆည်ကန်ကားကြီးဝင်းအတွင်း၌ စိုးမင်းထွန်း (ခ) စိုးထွန်း၊ ကျွန်းထက်(ခ)ကိုငယ်လေးတို့ AD Van ယာဉ်ပေါ်သို့ တင်ဆောင်နေ သည့် ဆာလာအိတ်များကိုရှာဖွေရာ ကြက်သွန်ဖြူများဖြင့် ရောနှော ထည့်သွင်းထားသည့် ဘိန်းစိမ်း ၁၄ ဒသမ ၃ ကီလို သိမ်းဆည်း ရမိခဲ့ကြောင်း၊ စစ်ဆေးပေါ်ပေါက်ချက်များအရ သိမ်းဆည်းရမိသော ဘိန်းစိမ်းများအား ပင်လောင်းမြို့နယ် တီကျစ်မြို့မှ မန္တလေးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်းသိရသဖြင့် မွန်းလွဲ ၂ နာရီခွဲခန့်တွင် ပင်လောင်းမြို့နယ် တီကျစ်မြို့ ဘုရားတောင် ကျေးရွာရှိ ကြီးလုတ်၏နေအိမ်အား ရှာဖွေရာ နေအိမ်မှ ဘိန်းစိမ်း ခြောက်ကီလို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ အရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရ သည်။ ဆွေဦး