နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
‌မိုးကောင်းမြို့နယ်နှင့် မိုးညှင်းမြို့နယ်တို့တွင် ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

မိုးကောင်း မေ ၁၈

မေ ၁၇ ရက်၊ ညနေ ၄ နာရီခွဲ အချိန်၌  မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မိုးကောင်းမြို့နယ်၊ ကညင်မြိုင်ကျေးရွာအဝင် မိုးညှင်း-မြစ်ကြီးနားကားလမ်းပေါ်တွင် ကျော်မောင်မောင်(ခ)မောင်မောင်(၄၀)နှစ် မောင်းနှင်ပြီး အောင်ဝင်းဦး(၂၃)နှစ်လိုက်ပါလာသည့် ဆိုင်ကယ်အားရပ်တန့်စစ်ဆေးရာ ယင်းတို့ ၂ ဦးကြားရှိ ဆာလာအိတ်အတွင်းမှ ဆပ်ပြာခွက် ၄၄ ခွက် ဖြင့်ထည့်လျက် ဘိန်းဖြူ ၀ ဒသမ ၄၄ ကီလို အားသိမ်းဆည်းရမိခဲ့သဖြင့် အောင်ဝင်းဦးပါ အမျိုးသား ၂ ဦး (ဖမ်းမိ)အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ စစ်ဆေး အရေးယူလျက်ရှိကြောင်း သိရသည်။

အလားတူ မေ ၁၇ ရက်၊ ညနေ  ၅ နာရီ ၅၀ မိနစ်အချိန် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာအနီး၊ မော်ဟန်-နမ္မချီမှော် ကားလမ်းတွင် ဝင်းကျော် မောင်းနှင်ပြီး အေးသိန်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့် ရှာဖွေရာ မော်တော်ဆိုင်ကယ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၀၀ ပြား၊ ဘိန်းဖြူ ၀ ဒသမ ၀၀၁၅ ကီလို တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ဝင်းကျော်(၄၅)နှစ်၊ အေးသိန်း(၅၈)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း  သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ