နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိုဆာဆူနာကို အနိုင်ရခဲ့တာကြောင့် လာလီဂါချန်ပီယံဆုအတွက် အက်-တီကိုအား ရီးရဲလ် ဆက်လက်ဖိအားပေး

မေ ၃

လာလီဂါပွဲစဉ်‌တွေမှာတော့ အက်-တီကိုအသင်းက စနေနေ့ည အစောပိုင်းပွဲစဉ်မှာ အနိုင်ရရှိခဲ့တာကြောင့် ရီးရဲလ်အသင်းဟာ အိုဆာဆူနာနဲ့ပွဲမှာ အနိုင် ၃ မှတ်မဖြစ်မနေ လိုအပ်နေခဲ့တာဖြစ် ပါတယ်။ ရီးရဲလ်အသင်းကတော့ အိုဆာဆူနာအသင်းကို နောက်ကျ  သွင်းဂိုးတွေနဲ့အနိုင်ရရှိပြီး လာလီဂါချန်ပီယံဆုအတွက် ဆက်လက် ပြိုင်ပွဲဝင်လို့ ကောင်းနေဆဲပဲဖြစ်ပါတယ်။

တိုနီခရူးစ် နဲ့ မိုဒရစ်တို့မပါဝင်နိုင်တာကို ဟာဇက်က အကောင်းဆုံး ခြေစွမ်းတွေနဲ့ ဖြည့်တင်းပေးနိုင်ခဲ့ပေမယ့် အိုဆာဆူနာ နောက်တန်း က တော်တော်လေးကောင်းခဲ့တာကြောင့် ရုန်းကန်ခဲ့ရပါတယ်။ အထူးသဖြင့် အိုဆာဆူနာဂိုးသမား ဟာရဲရားရဲ့လက်စွမ်းတွေ ကြောင့် လည်း ဂိုးရဖို့ ခက်ခဲခဲ့ပါတယ်။

ပွဲကစားချိန် ၇၆ မိနစ်မှာ မီလီတာအိုက ဦးဆောင်ဂိုးသွင်းယူခဲ့ ကာ နောက်ကျအနိုင်ဂိုးကိုတော့ ကက်စ်မဲရိုးက မိနစ် ၈၀ မှာ သွင်းယူပေးခဲ့ပါတယ်။ ပြိုင်ပွဲပြီးဆုံးဖို့ ၄ ပွဲအလိုမှာ ရီးရဲလ်ကတော့ အက်-တီကို အသင်းနဲ့ ၂ မှတ်အကွာကနေ ဆက်လက်ဖိအားပေး ထားနိုင်ခဲ့ပါတယ်။                                                              (SO)






အခြားဆက်စပ်သတင်းများ