နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လက်ဘနွန်ရှိ ရေကန်ကြီးတွင် ငါးအမြောက်အမြားသေဆုံးပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှု ဖြစ်ပေါ်နေ

ဘေရွတ်၊ မေ ၃

ရေညစ်ညမ်းမှုကြောင့် လက်ဘနွန်တွင် ငါးအမြောက်အမြားသေဆုံးမှုဖြစ်ပွားခဲ့သည့်အတွက် ပတ်ဝန်းကျင်နေထိုင်မှု အပေါ် ပြန်လည်သုံးသပ်ရန်လိုကြောင်း နိုင်ငံ၏ သဘာဝသယံဇာတထိန်းသိမ်းရေးပညာရှင်များက ထောက်ပြခဲ့ကြသည်။ လက်ဘနွန်နိုင်ငံ အနောက် ဘီကာဒေသရှိ ကွာရာအွန် ရေကန်ကြီး၏ ကမ်းစပ်တွင် မကြာသေးမီက ငါး အမြောက်အမြားသေဆုံးလျက်ရှိရာ ယင်းနေရာ၌ ပိုမိုဆိုးရွားလာသော ပတ်ဝန်းကျင်ညစ်ညမ်းမှုအနေအထားအပေါ် သတိပေးလိုက်သည့် အချက်တစ်ခုဖြစ်လာသည်။

ယင်းကဲ့သို့ ကန်ထဲရှိငါးများ အမြောက်အမြားသေဆုံးမှု ဖြစ်ပွား ရခြင်းမှာ ကွာရာအွန် ရေကန်ကြီးထဲသို့ စီးဝင်လာသည့် Litani အမည်ရှိ မြစ်တစ်လျှောက်တွင် တည်ဆောက်ထား သည့် စက်ရုံအလုပ်ရုံ အမြောက်အမြားမှ သန့်စင်ခြင်းမရှိသည့် ရေဆိုးများကြောင့်ဖြစ် ကြောင်း သိရသည်။ ကွာရာအွန် ရေကန်ကြီးသည် လက်ဘနွန် နိုင်ငံ၏ အရှည်ဆုံးမြစ်ကြောင်းတစ်ခုပေါ်၌ တူးဖော်ထားသည့် ရေလှောင်တမံ အမျိုးအစား လူလုပ်ရေကန်ကြီး တစ်ကန်ဖြစ်ကြောင်း သိရသည်။                                      မျိုးဝင်း (ref;Xinhua)






အခြားဆက်စပ်သတင်းများ