နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယနိုင်ငံ၌ တစ်ရက်အတွင်း COVID-19 လူနာသစ် လေးသိန်းနီးပါး စစ်ဆေးတွေ့ရှိ

နယူးဒေလီ၊ မေ ၃

အိန္ဒိယနိုင်ငံ၌ တစ်ရက်အတွင်း COVID-19 လူနာသစ် ၃၉၂,၄၈၈ ဦး မြင့်တက်လာပြီး မေ ၂ ရက်အထိ လူနာစုစုပေါင်း ၁၉,၅၅၇,၄၅၇ဦးထိ ရှိလာခဲ့ကြောင်း နိုင်ငံပိုင် ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။ မေ ၁ ရက် နံနက်ပိုင်းမှစ၍ သေဆုံးသူ ၃,၆၈၉ ဦး ရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူအရေအတွက်မှာ ၂၁၅,၅၄၂ ဦးထိ ရှိလာကြောင်း သိရသည်။
အိန္ဒိယနိုင်ငံအနှံ့ ယခုထိ ဆေးရုံများ၌ ဆေးကုသမှုခံယူပြီး ဆေးရုံဆင်းခွင့်ရရှိသူပေါင်း ၁၅,၉၉၂,၂၇၁ ဦး ရှိလာချိန်တွင် မေ ၁ ရက်အထိ လူနာသစ် ၈၀,၉၃၄ ဦး တိုးလာခဲ့ခြင်းနှင့်အတူ နိုင်ငံတွင်း ဆေးရုံတက်ရောက် ကုသလူနာပေါင်း ၃,၃၄၉,၆၄၄ ဦး ရှိနေပြီဖြစ်သည်။ အိန္ဒိယနိုင်ငံ၌ COVID-19 ရောဂါဖြစ်ပွားမှုများ ဆက်လက်မြင့်တက်နေသော်လည်း ဗဟိုအစိုးရက အလုံးစုံ ပိတ်ဆို့မှု lockdown စည်းကမ်းထုတ်ပြန်မှုကို ရပ်တန့်ခဲ့သည်။

မြို့တော် နယူးဒေလီကို မေ ၃ ရက်အထိ ဒုတိယအကြိမ် ဆက်တိုက် တစ်ပတ်ကြာ lockdown အစီအစဉ်အောက်တွင် ထားရှိခဲ့သည်။ အိန္ဒိယနိုင်ငံ၌ COVID-19 ရောဂါဖြစ်ပွားမှုအများဆုံး နေရာတစ်ခုဖြစ်သည့် ဒေလီမြို့၌ မေ ၁ ရက်တွင် လူနာသစ် ၂၅,၂၁၉ ဦး နှင့် သေဆုံးသူ ၄၁၂ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ဒေလီမြို့၌ COVID-19 ရောဂါကြောင့် သေဆုံးသူပေါင်း ၁၆,၅၅၉ ဦး ရှိခဲ့ကြောင်း ဒေလီကျန်းမာရေးဌာနထံမှ သိရသည်။            

မျိုးဝင်း (ref;Xinhua)






အခြားဆက်စပ်သတင်းများ