နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken လန်ဒန်သို့ စတင်ထွက်ခွာ

လန်ဒန်၊ မေ ၃

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken အနေဖြင့် လန်ဒန်သို့ မေ ၂ ရက်က ထွက်ခွာခဲ့ပြီး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် ရည်ရွယ်ထွက်ခွာခဲ့ကြောင်း သိရသည်။ ဝန်ကြီး Blinken အနေဖြင့် လန်ဒန်မြို့သို့ ဦးစွာ သွားရောက်ခြင်းဖြစ်ကာ G-7 စက်မှုဖွံ့ဖြိုးသည့် ထိပ်သီး ၇ နိုင်ငံရှိ နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ထိုမှတစ်ဆင့် ယူကရိန်းနိုင်ငံ၊ Kyiv မြို့ကို ခရီးဆက်မည်ဖြစ်ကာ ရုရှားနိုင်ငံအရေးကိစ္စကို ဆွေးနွေးမည် ဖြစ်သည်။
လန်ဒန်သို့ သွားရောက်ခြင်းသည် လာမည့် ဇွန်လအတွင်း အင်္ဂလန်နိုင်ငံ၊ Conwall တွင် ကျင်းပမည့် G-7 ခေါင်းဆောင်များ၏ ထိပ်သီးစည်းဝေးပွဲအတွက် ကြိုတင်ပြင်ဆင်သည့် စည်းဝေးပွဲဖြစ်ပြီး လက်ရှိ ရင်ဆိုင်နေရသည့် ကိုရိုနာဗိုင်းရပ်စ်၊ ရာသီဥတုပြောင်းလဲမှု စသည့် စိန်ခေါ်မှုများအကြောင်းကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါခရီးစဉ်အတွင်း  ဗြိတိသျှဝန်ကြီးချုပ်  Boris Johnson၊ နိုင်ငံခြားရေးဝန်ကြီး Dominic Raab တို့နှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။                                               

ရဲခေါင် ( ref;bbc)






အခြားဆက်စပ်သတင်းများ