နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်သူများ အပန်းဖြေကျန်းမာစေရေး ရန်ကုန်မြို့တွင်း ပန်းခြံတွင် အားကစားကွင်းများ ပြန်လည်ဖွင့်လှစ်

ရန်ကုန်   မေ   ၂

ဘုရားရိပ် တရားရိပ်၊ မိရိပ်ဖရိပ်၊ ဆွေရိပ်၊ မျိုးရိပ်၊ သစ်ရိပ်၊ ဝါးရိပ် စသည့်အရိပ်များစွာရှိသည့်အနက် ယခုကဲ့သို့ ပူပြင်းသောနွေရာသီတွင် ပြည်သူများ၏ ဘဝအမောများကို ပြေပျောက်စေရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနသည် ရန်ကုန်မြို့တော်သူမြို့တော်သားများ ထာဝစဉ် အေးချမ်းသော သစ်ရိပ်ဝါးရိပ်အောက်တွင် ဖြတ်သန်း သွားလာနိုင်စေရန်တို့ကိုရည်ရွယ်၍ ရန်ကုန်မြို့ ပြည်လမ်းရှိ အင်းလျားကန်ပေါင်ကို ၁၉၉၀ ပြည့်နှစ် မှစတင်ကာ အဆင့်မြှင့်တင် ကြိုးပမ်းအားထုတ် တည်ဆောက်ခဲ့သည်။

ယခုအခါ အဆိုပါ နေရာသည် ပြည်သူများ စိတ်အပန်းဖြေစေနိုင်ရုံမျှမက၊ ကိုယ်ကာယ ကျန်းမာ စေရေး အထောက်အကူပြုပစ္စည်းများ တပ်ဆင်ခြင်း နှင့်အရိပ်ရပင်များပါ      တိုးချဲ့စိုက်ပျိုးလာနိုင်ခဲ့ သည့်အတွက် နိုင်ငံတကာစံတင်လောက်အောင် ပန်းပြောက်ခြူးနွယ် ကနုတ်ခြယ်၍ ရောင်စုံရွက်လှ ကြိုဆိုစာတန်းပုံစံများကို ရှေ့ဆောင်ရှေ့သွား တာဝန်ရှိသူများက စနစ်တကျစိုက်ပျိုးလာခဲ့ခြင်း ကြောင့် ယနေ့ အင်းလျားကန်ပေါင်သည် လူသွား စင်္ကြံနှင့် တွဲဖက်ကြည့်ရှုခံစားနိုင်သော စိမ်းလန်း စိုပြည်အပန်းဖြေစရာ နေရာတစ်ခုအဖြစ် တည်ရှိနေ သည်ကို မြင်တွေ့ရမည်ဖြစ်သည်။

ပူပြင်းခြောက်သွေ့သော နွေရာသီတွင် ပန်းခြံနှင့် အားကစားကွင်းများ၌ ပြည်သူများ အပန်းဖြေနိုင် ရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း ပန်းခြံပေါင်း ၆၁ ခုနှင့် အားကစားကွင်းပေါင်း ၁၆၁ ခုကို ရန်ကုန်တိုင်း ဒေသကြီး ကိုဗစ် - ၁၉ ရောဂါ အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကိုဗစ် - ၁၉ရောဂါထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ဖြေလျှော့ပြန်လည် ဖွင့်လှစ်ခွင့် ညွှန်ကြားချက်အရ ပန်းခြံနှင့် အားကစား ကွင်းများအားလုံးကို (မဟာဗန္ဓုလပန်းခြံ)မပါ၊ ဧပြီ ၂၃ ရက်တွင် ဖွင့်လှစ်ပေးခဲ့ပြီး နံနက် ၅ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ထားသည်ဟု သိရသည်။
သတင်း / ဓာတ်ပုံ - စောသိန်းဝင်း






အခြားဆက်စပ်သတင်းများ