နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သောက်သုံးရေအခက်ကြုံတွေ့နေသည့် ကျေးလက်နေပြည်သူများအား သောက်သုံးရေများ သွားရောက်လှူဒါန်း

ညောင်ဦး မေ ၂

မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦး မြို့နယ် ကန်နီကြီးတဲတိုက်တွင် ဒေသခံကျေးလက်နေ ပြည်သူများ သောက်သုံးရေ အခက်ကြုံတွေ့နေ ကြောင်း သိရ၍ မေ ၁ ရက် နံနက်ပိုင်းက ညောင်ဦးမြို့နယ် မြင်းကပါ ကျေးရွာနေ ဦးဝင်းမင်းထွန်း ဦးဆောင်သော ပရဟိတရေလှူ အဖွဲ့က ရေသယ်ယာဉ်ဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။


ညောင်ဦးမြို့နယ် တောင်ဇင်းကျေးရွာ အုပ်စု ၊ ကန်နီကြီးတဲတိုက်တွင် အိမ်ခြေ ၄၃ အိမ် ၊ လူဦးရေ  ၂၀၀ ကျော်ခန့်ရှိပြီး ဒေသခံ ကျေးလက်နေ ပြည်သူများမှာ စိုက်ပျိုးရေးလုပ်ငန်းနှင့် တွဲဖက်ကာ မွေးမြူးရေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြကြောင်း သိရကာ   ယခုလို ပွင့်လင်းရာသီချိန်တွင် လူနှင့် တိရစ္ဆာန်များအတွက် ရေမလုံလောက်သဖြင့် သောက်သုံးရေ ရှားပါးမှုများ ရင်ဆိုင် ကြုံတွေ့နေရလေ့ရှိ ကြောင်း သိရသည်။ မေ ၁ ရက် နံနက်ပိုင်းက ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာနေ ဦးဝင်းမင်းထွန်း ဦးဆောင်သော ပရဟိတရေလှူအဖွဲ့က  နေပြည်တော်တွင် နေထိုင်သော သောက်သုံးရေအလှူရှင် ဦးဌေးအောင် - ဒေါ်သီတာကျော် မိသားစုက လှူဒါန်းသည့် သောက်သုံးရေဂါလန် ၁၈၀၀ အား   ဒေသခံပြည်သူများ သောက်သုံးရေ ဖူလုံစေရန် စနစ်တကျ ခွဲဝေလှူဒါန်းပေးခဲ့ကြောင်း သိရ သည်။     

     ရဲဝင်းနိုင် ( ညောင်ဦး )






အခြားဆက်စပ်သတင်းများ