ရေဖြူ ဧပြီ ၂၉
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဧပြီ ၂၇ ရက် နံနက် ၁၁ နာရီခွဲတွင် ရေဖြူမြို့နယ်ကလိန်အောင်မြို့ အလယ်စခန်းကျေးရွာအနီး ရေး-ကလိန်အောင်သွားကားလမ်း မလွှဲတောင်ပူးပေါင်းစစ်ဆေးရေးစခန်း၌ ခရီးသည်တင်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်၌ လူမဲ့တန်ဆာဖြင့်တင်ဆောင်လာသည့် စုစုပေါင်း ငွေကျပ် သိန်း ၁၀၈၀ တန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြား ၃၆၀၀၀ ကိုလည်းကောင်း၊ ထို့အတူထိုနေ့ ညနေ ၅ နာရီခွဲတွင် ပုသိမ်ကြီးမြို့နယ် ပြင်ဦးလွင်မန္တလေးသွားကားလမ်း ကျောက်ချောကျေးရွာ ၁၆မိုင် ပူးပေါင်း စစ်ဆေးရေးစခန်း၌ နေလင်းဦး မောင်းနှင်လာသည့်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၉၃၀၀ ကို သိမ်းဆည်းရမိခဲ့ပြီးစစ်ဆေးပေါ်ပေါက်ချက်အရ ညနေ ၆ နာရီတွင် ပုသိမ်ကြီးမြို့နယ်ထုံးဘိုလမ်းခွဲ၌ သန်းကျော်ဌေးအား ဆိုင်ကယ်တစ်စီးနှင့်အတူဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ဆွေဦး