နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုင်းဆတ်မြို့နယ်၌ ငွေကျပ် သိန်း ၁၃၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားထုတ်လုပ်ရန် အသင့်ရောစပ်ထားသော ပြင်းအားမြင့်ပျော်ရည်များ သိမ်းဆည်းရမိ

မိုင်းဆတ် ဧပြီ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၌ ငွေကျပ် သိန်း ၁၃၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားထုတ်လုပ်ရန် အသင့်ရောစပ်ထားသော ပြင်းအားမြင့်ပျော်ရည်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရ သည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဧပြီ ၂၇ ရက် ည ၇ နာရီခွဲတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် ဝမ်မိုင်(အာခါ၊ ကျေးရွာအနီး၌ လော်ဂျေ(ခ)အား မောင်းနှင်လာသည့်ယာဉ်ကို ရပ်တန့်ရှာဖွေစစ်ဆေးရာ ငွေကျပ်သိန်း ၁၃၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားထုတ်လုပ်ရန် အသင့်ရောစပ်ထားသည့် နီညိုရောင်နှင့် လိမ္မော်ရောင် ပြင်းအားမြင့် ပျော်ရည် ၁၀၀ ခန့် သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိသော ဆေးရည် များကိုမိုင်းဆတ်မြို့နယ် မဟုန်ကန်ကျေးရွာမှ နားယောင်းကျေးရွာသို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်း စ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။  
ဆွေဦး






အခြားဆက်စပ်သတင်းများ