နေပြည်တော် ဧပြီ ၂၉
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဲကွပ်ကဲမှုအဖွဲ့ လောက်ကိုင်မြို့နယ်ရဲတပ်ဖွဲ့မှ ၂၀၁၉ ခုနှစ်အတွင်း ဖမ်းဆီးရမိ၍ အမှုပြီးပြတ်ခဲ့ပြီးသောထိန်းချုပ်ဓာတုပစ္စည်းများဖြစ်သည့် ကာလတန်ဖိုးငွေကျပ် ၃၂၉၈,၈၀၀ တန်ဖိုးရှိ အက်စီတုန်းအဝါရောင်အရည် ၅၄ ဒသမ ၉၈ လီတာကို ဧပြီ ၂၈ ရက်၊ နံနက် ၁၀ နာရီတွင် လောက်ကိုင်မြို့ အမှိုက်စွန့်ပစ်သည့်နေရာ၌ မြေမြှုပ်ဖျက်ဆီးခြင်းအခမ်းအနား ကျင်းပသည်။
အခမ်းအနားသို့ လောက်ကိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ငြိမ်းချမ်းအေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ အဖွဲ့ဝင် ဒေါ်ချောချောအေး၊ ဌာနဆိုင်ရာအရာရှိများ၊ သတင်းရဲတပ်ဖွဲ့စုမှ ဒုတိယရဲမှူး အောင်ကျော်ဦး၊ မူးယစ်ရဲတပ်ဖွဲ့စု (၂၁) မှ ဒုရဲမှူး မျိုးမြင့်၊ မှုခင်းတပ်ဖွဲ့စုမှ ဒုတိယရဲမှူးမြင့်စိုး၊ လောက်ကိုင်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးသန်းဇော်၊ ကိုးကန့်ဒေသ ရဲတပ်ဖွဲ့ဝင် ဒုရဲမှူး မြီရှောက်အမ်းနှင့် တာဝန်သူများ တက်ရောက်ကြသည်။
ယင်းနောက် ထိန်းချုပ်ဓာတုဆေးရည်များကို ဖျက်ဆီးရေးဘုတ်အဖွဲ့များဖြစ်သည့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ငြိမ်းချမ်းအေး ဦးစီးအဖွဲ့ကအလျား ၁၅ ပေ၊ အနံ ၁၅ ပေ၊ အနက် ၁၅ ပေရှိသော မြေကျင်းအတွင်းသို့ သွန်ချဖျက်ဆီး၊ မြေဖို့ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဆွေဦး