နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တစ်လဝန်းကျင်အတွင်း စားအုန်းဆီဈေးနှုန်း တစ်ပိဿာ ၃၅၀ ကျပ် ဈေးနှုန်းကျဆင်း

ရန်ကုန် ၊ မေ ၁၇


၂၀၂၀ ပြည့်နှစ် မေလ ၁၅ ရက်တွင် ယခုလပိုင်းရောက်သည့် စားအုန်းဆီတစ်ပိဿာအရင်းဈေး ၁၆၀၅ ကျပ် ဇွန်လရောက်မည့် ဆီအရင်းတစ်ပိဿာဈေးနှုန်း ၁၄၂၈ ကျပ်ဟု ဆီအသင်း၏ မေ ၁၅ ရက် စားအုန်းဆီ ဈေးနှုန်းစာရင်းတွင် ဖော်ပြထားပြီး မေ ၁၅ ရက် ရန်ကုန်မြို့တွင်း စားအုန်းဆီထုတ်ယူခွင့် DO စာရွက်လက်ကားတစ်ပိဿာ ရောင်းဈေး ၁၅၃၅ ကျပ် ပေပါဈေးတစ်ပိဿာ ၁၅၈၅ ကျပ်ဟု ဖော်ပြထားသည်။


မေ ၁၄ ရက်တွင် DO      တစ်ပိဿာဈေး ၁၅၅၀ ကျပ်၊ ပေပါဈေးတစ်ပိဿာ ၁၆၀၀ ကျပ်၊ ပုံးဆွဲတစ်ပိဿာဈေး ၁၈၀၀ ကျပ်ဟု ဖော်ပြထားသည်။ သို့သော်ရန်ကုန်ဆီဈေးကွက်တွင် အရောင်းအဝယ်အေးခြင်း ပြည်ပဈေး ဆက်တိုက်ကျနေခြင်းတို့ကြောင့် မေ ၁၅ ရက်တွင် ပေပါဈေးတစ်ပိဿာ ၁၅၄၀ ကျပ်၊ ပုံးဆွဲတစ်ပိဿာ ၁၅၅၀ ကျပ်ဖြင့်သာ ဝယ်ရသည်ဟု ပုသိမ်မြို့မှရန်ကုန်ဈေးကွက်တွင် စားအုန်းဆီဝယ်ယူခဲ့သူတစ်ဦးကဆိုသည်။


၂၀၂၀ ပြည့်နှစ် မတ် ၁၈ ရက် ရန်ကုန်ဆီဈေးကွက်အတွင်း လက်ကားဆီတစ်ပိဿာ ၁၉၀၀ ကျပ်နှုန်းဖြင့် ဧပြီ ၆ ရက်အထိ ဈေးမြင့်နေရာမှတစ်လဝန်းကျင်အကြာတွင် ဆီတစ်ပိဿာ ၃၅၀ ကျပ်ဝန်းကျင်ဈေးကျလာ ခြင်းဖြစ်သည်ဟု ဆီဈေးကွက်မှ သိရသည်။


မေ ၁၅ ရက်တွင်မူ ပြည်ပ FOB တစ်တန် ၅၄၀ ဒေါ်လာနှုန်းသို့ ကျဆင်းလာသည်။ ယခုရက်ပိုင်းရောက်သည့် ဆီတစ်ပိဿာ အရင်းဈေး ၁၆၀၄ ကျပ် ဇွန်လရောက်မည့် ဆီတစ်ပိဿာအရင်းဈေး ၁၄၂၈ ကျပ်ရှိသည်ဟု သိရသော်လည်း ဆီထုတ်ယူခွင့်စာရွက် လက်ကားတစ်ပိဿာရောင်းဈေး ၁၅၃၅ ကျပ်သာရှိသည်။ ဇွန်လ အတွင်းရောက်မည့် ဆီတစ်ပိဿာအရင်းဈေး ၁၄၅၀ ကျပ်ဝန်းကျင်သာရှိ၍  DO စာရွက်ရောင်းဈေးမှာ ဇွန်လအတွင်းတစ်ပိဿာ ၁၅၀၀ ကျပ်အောက်တွင်သာ ရှိနိုင်သဖြင့် ဈေးကွက်အတွင်း ဆီလက်ဝယ်ရှိသူများဈေးလျှော့ချရောင်းနေခြင်းဖြစ်သည်ဟု နယ်ပို့ဆီအဝယ်တော် ကိုနေလင်းက ဆိုသည်။ ရန်ကုန် ဆီဈေးကွက် အတွင်း စားအုန်းဆီဈေးနှုန်းသည် ပြည်ပဈေးနှုန်းနှင့်တစ်ပိဿာ အရင်းဈေးနှုန်းများပြောင်းလဲမှုနည်းချိန်မှာ ပင် ဈေးနှုန်းအတက်ကြမ်းတတ်သည်ဟု ဆီရောင်းချသူတစ်ဦးက ဆိုသည်။


မိုးပွင့်သူ






အခြားဆက်စပ်သတင်းများ