နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုင်းယောင်းတွင် နံနံပင်များစိုက်ပျိုး၍ မိသားစုဝင်ငွေ တိုးပွားရရှိ

မိုင်းယောင်း ဧပြီ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် တောင်သူအများစုသည် စိုက်ပျိုးရေး လုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက်ရှိရာ ယခုအခါ တောင်သူအချို့များသည် နံနံပင်များစိုက်ပျိုး၍ မိသားစုဝင်ငွေ တိုးပွားရရှိနေကြောင်း သိရသည်။
“နံနံ တစ်စည်းလျှင် ကျပ် ၂၀၀၊ သုံးစည်းလျှင် ကျပ် ၅၀၀ နဲ့ ရောင်းရပါတယ်။ ရှမ်းနံနံရယ်၊ တရုတ်နံနံရယ် နှစ်မျိုးရှိပါတယ်၊ ရောင်းဈေးကတော့ အတူတူပဲဖြစ်ပါတယ်။ မိမိနေအိမ်ခြံဝင်းအတွင်းမှာပဲ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားခြင်းဖြစ်ပါတယ်။ မီးဖိုချောင် အသုံးစရိတ်ကို ကာမိအောင်လို့ပါ။ နံနံကို မိမိစားသုံးလိုသည့် အစားအစာထဲကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် အလွယ်တကူ ထည့်သွင်းစားသုံးနိုင်ပါတယ်”ဟု နံနံပင် စိုက်ပျိုးရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောပြသည်။
နံနံပင်များကို စိုက်ပျိုးရာတွင် ပေါင်ဖော်၍ စိုက်ပျိုးနိုင်ကြောင်း၊ နေ့စဉ် ရေချိုရေအေးအေးနှင့် တစ်နေ့ လျှင် နံနက်တစ်ကြိမ် ညနေတစ်ကြိမ် မှန်မှန်လောင်းရကြောင်း၊ ယခုအခါ တောင်သူများမှာ ၁၂ ရာသီ ကာလပတ်လုံး စိုက်ပျိုးလာကြကြောင်း၊ စိုက်ပြီး နှစ်လခွဲခန့်တွင် နံနံများကို ခူးဆွတ်ရောင်းချနိုင်ကြောင်း၊ တချို့ အောင်မြင် ဖြစ်ထွန်းသည့် စိုက်ခင်းများတွင် နေ့စဉ် ခူးဆွတ်ရောင်းချကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း






အခြားဆက်စပ်သတင်းများ