ရွှေကူ ဧပြီ ၂၈
ကချင်ပြည်နယ် ရွှေကူမြို့နယ်၌ ဧပြီ ၂၅ ရက်က ဓားထိုးမှုဖြစ်ပွားပြီးနှစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၂၅ ရက် ည ၁၀ နာရီ ၁၅ မိနစ်တွင် ရွှေကူမြို့နယ်မိုးစစ်ကျေးရွာနှင့် မြို့ကုန်းကျေးရွာ သွားလမ်းဘေး၌ နေထိုင်သူ မမျိုးသည် ခင်ပွန်းဖြစ်သူ ဝင်းပိုင်၊ အတူနေအလုပ်သမားဖြစ်သူ ကတုံး နှင့် ပွားပွား(ခ)ထွန်းမြင့်အောင်တို့နှင့်အတူ နေအိမ်၌ရှိနေစဉ် ရေလဲကျေးရွာနေ အောင်သူ(ခ)အောင်သူရဝင်းပါ လေးဦးရောက်ရှိလာပြီး ယခင်စကားများသည့်ကိစ္စနှင့်ပတ်သက်၍ မကျေနပ်သဖြင့် အသင့်ပါလာသောဓားဦးချွန်များဖြင့် ဝိုင်းဝန်းထိုးခုတ်ရာ မမျိုးနှင့် ပွားပွား(ခ)ထွန်းမြင့်အောင်တို့တွင် ဒဏ်ရာ များရရှိပြီး ဝင်းပိုင်နှင့် ကတုံးမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားသောကြောင့် အရေးယူပေးရန် တိုင်တန်း ချက်အရအောင်သူ(ခ)အောင်သူရဝင်းပါ လေးဦးအား ရွှေကူမြို့မရဲစခန်းကအမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ဆွေဦး