နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အညာ၌နွေရာသီတွင်စိုက်ပျိူးထွက်ရှိမှုနည်းသောကြောင့် ခရမ်းချဉ်ဈေးတက်နေ

ရေနံချောင်း ဧပြီ  ၂၇

အညာဒေသ၌ နွေရာသီတွင်ခရမ်းချဉ်သီးစိုက်ပျိူးထွက်ရှိမှုနည်းပါးပြီး နယ်မြို့နယ်များမှ ခရမ်းချဉ်သီး အဓိက ရောင်းချကြကြောင်းရေနံချောင်းမြို့ ခရမ်းချဉ်သီး ရောင်းဝယ်သူများထံက သိရသည်။

လက်ရှိဒေသထွက် ခရမ်းချဉ်သီးပေါ်သည့်ကာလ မဟုတ်ကြောင်းအခြားပြင်ပနယ် မြို့နယ်များမှ မော်တော်ကားများဖြင့် ကုန်စိမ်းများဖြစ်သော အာလူး၊ မျှစ်၊ ဂေါ်ဖီထုပ်၊ ခရမ်းချဉ်များကို ဝင်ရောက်လျက်ရှိကြောင်း လက်လီရောင်းချသူအမျိုးသမီးတစ်ဦးထံကသိရသည်။
ခရမ်းချဉ်ဈေးကွက်တွင်ခရမ်းချဉ်တစ်ပိဿာငွေကျပ် ၁၆၀ဝ ရှိပြီး လွန်ခဲ့သောတစ်ရက်နှစ်ရက်က ငွေကျပ် ၁၄၀ဝ၊ ပေါက်ဈေးရောင်းရကြောင်း ဈေးတက်နေကြောင်းသိရသည်။

ရေနံချောင်းမြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်၊ မကွေးမြို့နယ်များ၌ ခရမ်းချဉ်သီးကို မိုးရာသီနှင့် ဆောင်းရာသီတွင် စိုက်ပျိုးကြကြောင်း နွေရာသီ၌ ရေဖျန်းစရိပ်၊ အမိုးရိပ်စရိပ်စကများ ပိုပြီးကုန်ကျမှုကြောင့် လည်းကောင်းထွက်နှုံးနည်း သောကြောင့်စိုက်ပျိုးသူနည်းပါးကြောင်းသိရသည်။
ဆန်းညွန့်(ရေနံချောင်း)






အခြားဆက်စပ်သတင်းများ