နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုင်းယောင်းမြို့နယ်တွင် ဒေသခံတောင်သူအချို့သည် ဒေသထွက် မျှစ်ခါးနှင့် ကြိမ်များရှာဖွေရောင်းချ

မိုင်းယောင်း ဧပြီ ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသ၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့မှ တောင်သူအချို့သည် ဒေသထွက် မျှစ်ခါးနှင့် ကြိမ်များကိုရှာဖွေရောင်းချကာဝင်ငွေရှာဖွေနေကြကြောင်းသိရသည်။
“နှစ်စဉ်နှစ်တိုင်းမိုးဦးတစ်ကြိမ်နှစ်ကြိမ်ရွာပြီးတဲ့အခါမှာ တောတောင်လျှိုအတွင်းတွေမှာ ပေါ်တတ်ပါ တယ်။ မျှစ်ခါးပေါ်ဦးပေါ်ဖျားချိန်တော့ ချိုတဲ့အရသာရှိတယ်။
မိုးရွာတာများလာရင်တော့ ခါးသက်တဲ့ အရသာကို ပြောင်းသွားပါတယ်။

မျှစ်ခါးလေးငါးချောင်းစည်းထားတဲ့ မျှစ်ခါးတစ်စည်းကိုကျပ် ၁၀၀၀ အထိရောင်းချရပါတယ်။ မျှစ်ခါးရှာဖွေရင်းနဲ့ ကြိမ်လည်းချိုးယူရောင်းချကြပါတယ်။ မျှစ်ခါးတို့ ကြိမ်တို့ ရှာဖွေရောင်းချတဲ့ နေ့ဆိုရင် ဝင်ငွေကျပ်တစ်သောင်းခွဲအထိအနည်းဆုံးရှာဖွေရရှိကြပါတယ်” ဟု မျှစ်ခါးရှာဖွေ ရောင်းချသည့် တောင်သူထံမှ သိရသည်။

အဆိုပါ မျှစ်ခါးကိုဟင်းရည်ချက်၍လည်းကောင်း၊ မီးဖုတ်(သို့မဟုတ်) ပြုတ်ပြီးတို့စရာအဖြစ်သော် လည်းကောင်း၊ အခြားဟင်းများဖြစ်သည့် အသားနှင့်အရွက်များဖြင့် ရောကြော်၍သော်လည်းကောင်း ချက်ပြုတ် စားသောက်နိုင်ပြီး ခါးသက်သည့် အရသာရှိကာ ဒေသမှပြည်သူများက အလွန်ကြိုက်နှစ်သက်ကြသည့် ရာသီပေါ်ဒေသထွက် မျှစ်တစ်မျိုးဖြစ်ကြောင်းသိရသည်။
အားချာ






အခြားဆက်စပ်သတင်းများ