နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိန်းကလေးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူများအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

နေပြည်တော် ဧပြီ ၂၇
မိန်းကလေးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူများအား လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေအရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ မြို့ဟောင်းအလယ်ရပ်ကွက်နေ ဒေါ်ထွေးမြင့်ခိုင်(ခ)မခိုင် ကချင်ပြည်နယ် လွယ်ဂျယ်မြို့ အောင်ချမ်းသာရပ်ကွက်နေ ကိုအောင်မင်းသန့် (ခ) အောင်ကြီးနှင့် မဟန်နီမေ (ခ)ဘုတ်ဆုံမတို့က သန်လျင်မြို့၊ ကန်သာယာရပ်ကွက်နေ ၊ ၂၀နှစ်၊ မ--- ၂၅ နှစ်နှင့် မ---၊ ၁၈ နှစ်တို့အား တရုတ်နိုင်ငံသို့ ပို့ဆောင်၍ တရုတ်ဇနီးအဖြစ်ရောင်းစားရန် စီစဉ်ခဲ့မှုကိုလွယ်ဂျယ်နယ်မြေရဲစခန်းက(ပ) ၂၀/ ၂၀၂၀၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး ဗန်းမော်ခရိုင် တရားရုံးသို့ တရားစွဲ တင်ပို့ခဲ့ရာ ဧပြီ ၉ ရက်တွင် ယင်းတရားခံတို့အား လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။
အလားတူ ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ် ဝင်းဘိုရွာနေ ကိုကျနူး(မိ)၊ မနာရှီးဘို(မိ)၊ မနာလောဘို (တိမ်းရှောင်)နှင့် မအက်စတာ (တိမ်းရှောင်)တို့က တစ်ရွာတည်းနေ မ--- ၂၈ နှစ်ကို တရုတ်နိုင်ငံသို့ ပို့ဆောင်၍ တရုတ်ဇနီးအဖြစ်ရောင်းစားရန်စီစဉ်ခဲ့မှုကိုကျိုင်းတုံမြို့မရဲစခန်းက (ပ) ၃၂၇/ ၂၀၂၀၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၈(က)/၃၂ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး ကျိုင်းတုံခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဧပြီ ၂၂ ရက်တွင် တရားခံ ကိုကျနူးနှင့် မနီးဘိုတို့အား လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ပြီးတိမ်းရှောင်တရားခံများအား တရားခံပြေး ကြေညာခဲ့ကြောင်း သိရသည်။
ဆွေဦး






အခြားဆက်စပ်သတင်းများ